
APM ၊ ဒီဇမ်ဘာ ၁၂/၂၀၂၃
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာက အပြစ်မဲ့ပြည်သူ အများအပြားကို စစ်ကောင်စီတပ်က ဒီဇမ်ဘာ ၁၁ ရက်နိ၊ ညည့်ကပင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်း သိရပါရေ။
ဖမ်းထားရေလူတိထဲမာ APMက စုံစမ်းရထားရေလူတိကတော့ ဦးကျော်မင်းစိုး(၃၀နှစ်) ၊ ဦးသန်းမောင်ကြီး(၅၃နှစ်)၊ ကိုကျော်ဆန်းထွန်း(၂၃နှစ်)၊ ကိုဇော်မင်းဦး(၂၃နှစ်)၊ ဦးလှထွန်းကျော်(၆၇ နှစ်)၊ ဒေါ်သန်းသန်း(၅၀နှစ်)နန့် ဒေါ်စံပယ်လှိုင်(၃၄နှစ်)ရို့ ပါဝင်ပြီးကေ ဈီးနားမာ လူသားဒိုင်းကာအဖြစ်ဖမ်းထားလူ နောက်ထပ်အမျိုးသမီးတိ၊ အချေသူငယ်တိ၊ သက်ကြီးရွယ်အိုတိလည်း အများအပြားပါရေလို့ ကနဦး စုံစမ်းသိရပါရေ။
ဒီဇမ်ဘာ ၁၁ ရက်နိ၊ ညဇာ ၃ နာရီကလည်း စစ်ကောင်စီတပ်စွာ Mi-35 ရဟတ်ယာဉ်တစီးအပါအဝင် လီယာဉ် ၂စီး နန့် ပန်းမြောင်းကို လီကြောင်းတိုက်ခိုက်မှုတိလုပ်ခပါသိမ့်ရေ။
ပန်းမြောင်းဖြစ်စဉ်နန့် ပတ်သက်လို့ အသေးစိတ်အချက် အလက်တိကို APM က ဆက်လို့ စုံစမ်းနီပါရေ။
