APM ၊ နိုဗမ်ဘာ ၁၂ / ၂၀၂၄
မိုးကုတ်မြို့ကို နိုဗမ်ဘာ ၁၁ ရက်နိညည့်အချိန် အကြမ်းဖက်စစ်ကောင်စီက လီကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၉ ယောက် သီဆုံးလားပြီးကေ၊ အချေတယောက်အပါအဝင် ၁၃ ယောက် ထိခိုက်ဒဏ်ရာရလားရေလို့ တအာင်းတပ်မတော်( PSLF/TNLA )က ဒေနိ(နိုဗမ်ဘာ ၁၂ ရက်နိ ) သတင်းထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ ” တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြီ၊ မိုးကုတ်မြို့ အရှိပိုင်းနန့် အနောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၉) ဦးသီဆုံးပြီး၊ အချေတယောက်အပါအဝင် ဒေသခံ (၁၃) ဦး ထိခိုက်ဒဏ်ရာရခသည်” လို့ ဖော်ပြထားပါရေ။
နိုဗမ်ဘာ ၁၁ ရက်နိ ညည့်အချိန်မာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနန့် မိုးကုတ်မြို့၊ အရှိပိုင်း အထက်လယ်ဦးရပ်ကွက်မာ ဗုံးသီး ၃ လုံးနန့် အနောက်ပိုင်း မြို့ဦးလွင်အနားမာ ဗုံးသီး၂လုံး လာရောက်ကြဲချတိုက်ခိုက်ခရေလို့ ဆိုပါရေ။
ယင်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၉ ယောက်သီဆုံးလားပြီးကေ ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရဟိလားရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရှိပိုင်းမာ ဒေသခံ ၄ ယောက် သီဆုံးလားပြီးကေ၊ ၅ ယောက် ထိခိုက်ဒဏ်ရာရလားရေပိုင်၊ အနောက်ပိုင်းမာလည်း ဒေသခံ ၅ ယောက်သီဆုံးပြီးကေ၊ ၈ ယောက်ထိခိုက်ဒဏ်ရာရလားပနာ လူနီအိမ် ၁၀ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးလားရေလို့ သိရပါရေ။
မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရီး အပိုင်း(၂)အတွင်း တအာင်းတပ်မတော် TNLA က ဂျူလိုင် ၂၅ ရက်နိမာ တိုက်ခိုက်သိမ်းပိုက်နိုင်ခကြောင်းလည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ပုံစာ – ၂၀၂၄ ခုနှစ်၊နိုဗမ်ဘာ ၁၁ ရက်နိ၊ ညည့်အချိန် မိုးကုတ်မြို့ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနီအိမ် ၁၀ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးလားသည်ကို တွိရစဉ် (PSLF/TNLA)။