APM၊နိုဗမ်ဘာ ၁၂/၂၀၂၄
နိုဗမ်ဘာ ၁၀ ရက်နိ၊နိခင်း ၂ နာရီခွဲအချိန်လောက်မာ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူ၊ လက်နက်၊ ရိက္ခာတိ လာပို့ရေ ရဟတ်ယာဉ် ၄ စီးထဲကတစီးကို အာရက္ခတပ်တော်က ပစ်ချနိုင်ခရေလို့ အာရက္ခတပ်တော် AA ၏ ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက အတည်ပြု ပြောကြားလိုက်ပါရေ။
“စစ်ကောင်စီ၏ ရဟတ်ယာဉ်တစီးကို နိုဗမ်ဘာ ၁၀ရက်နိ၊ နိခင်း ၂ နာရီ ၃၀ မိနစ်လောက်မာ ပစ်ချနိုင်ခပါရေ။ နိုဗမ်ဘာ ၁၀ ရက်နိမာ အကြမ်းဖက် စစ်ကောင်စီစွာ အမ်း၊ နပခ ဌာနချုပ်အနားဝန်းကျင်မာ သူရို့တပ်ဖွဲ့ဝင် လူနာတိ၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်အင်အား လာပို့ရေ ရဟတ်ယာဉ် ၄ စီး၊ ရှိဆင့် နောက်ဆင့် လာကတ်စွာဖြစ်ပါရေ။ ကျနော်ရို့ဖက်က ၄ စီးစလုံးကို လိုက်ပစ်စွာပါ။ ၁ စီးကတော့ခါ လီယာဉ်ဖင်ပိုင်းကို ကျလားရေ” လို့ ဦးခိုင်သုခက ဆိုပါရေ။
ယေကေလည်း ပျက်ကျလားရေ ရဟတ်ယာဉ်စွာ ယင်းနီရာမာ ထိုးကျပျက်စီးလားစွာမျိုးမဟုတ်ဘဲနန့် သူရို့ထိန်းချုပ်ထားရေ နီရာအထိရောက်အောင် ကြိုးစားထိန်းမောင်းပြီးခါမှ သတ်မှတ်နီရာကိုမရောက်နိုင်ဘဲ အဆင်ပြေရေ တနီရာမာရာ ဆင်းသက်လားစွာဖြစ်ကြောင်း၊ စုံစမ်းသိဟိရသလောက်တော့ခါ ယင်းရဟတ်ယာဉ်ဆင်းသက်လားရေနီရာစွာ မကွေး၊ ငဖဲမြို့နယ်၊ ကျောက်ဆုံရွာ အနားကို ဆင်းလားရေလို့ စုံစမ်းသိဟိရကြောင်းလည်း သူက ဆက်ပြောပါရေ။
ဒေသ သတင်းရင်းမြစ်တိအရ အကြမ်းဖက် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် ရုံးစိုက်ရာ အမ်းမြို့မာ တိုက်ပွဲတိဆက်လို့ပြင်းထန်နီပြီးကေ အာရက္ခတပ်တော်ဖက်က စစ်ကောင်စီ၏ တပ်စခန်းအမြောက်အများကို သိမ်းပိုက်ရဟိထားရေလို့ သိဟိရပါရေ။
Photo-CJ