APM၊ နိုဗမ်ဘာ ၁၂/ ၂၀၂၃
သျှမ်းပြည်မြောက်ပိုင်းဟိ မြို့နယ် ၈ ခုကို စစ်အုပ်ချုပ်ရီး မာချယ်လော ကြေညာလိုက်ကြောင်း စစ်ကောင်စီက ဒေနိ (နိုဗမ်ဘာ ၁၂ ) ရက်နိမာ ကြေညာပါရေ။
အဆိုပါ မာချယ်လောအမိန့်ကို စကစ အတွင်းရီးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်ခခြင်းဖြစ်ပြီးကေ မာချယ်လော ထုတ်ပြန်လိုက်တေ မြို့နယ်တိမာ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားသျှိုး၊ သိန်းနီ၊ လောက်ကိုင်နန့် ကုန်းကြမ်းရို့ဖြစ်ကတ်ပါရေ။
ထုတ်ပြန်ချက်အရ အရှိမြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူးကို ကွမ်းလုံ၊ ကွတ်ခိုင်၊နမ့်ခမ်း၊ မူဆယ်၊ လားသျှိုး၊ သိန်းနီမြို့တိကို စစ်အုပ်ချုပ်ရီးအာဏာ ကျင့်သုံးခွင့်ပီးပြီးကေ လောက်ကိုင်နန့် ကုန်းကြမ်းမြို့နယ်ရို့ကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ဒေသကွပ်ကဲရီးမှူးကို စစ်အုပ်ချုပ်ရီး အာဏာကျင့်သုံးခွင့်ပီးလိုက်စွာဖြစ်ပါရေ။
တိုင်းမှူးနန့် ဒေသကွပ်ကဲရီးမှူးရို့စွာ စစ်အုပ်ချုပ်ရီးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းတိကို တည်ဆဲဥပဒေအရ ဖွဲ့စည်းထားရေ တရားရုံးတိနန့်ဖြစ်စီ၊ စစ်အုပ်ချုပ်ရီးအမိန့်ထုတ်ပြန်ပြီး ဖွဲ့စည်းရေ စစ်ခုံရုံးတိနန့်ဖြစ်စီ စစ်ဆီးစီရင်နိုင်ပြီးကေစစ်ခုံရုံးတိစွာ ပြစ်မှုဆိုင်ရာမှုခင်းတိကို အကျဉ်းနည်းနန့် စစ်ဆီးစီရင်နိုင်ရေလို့ ဆိုပါရေ။
ယင်းအပြင် စစ်ကောင်စီ၏ မာချယ်လောထုတ်ပြန်ချက်မာ “ပြစ်မှုကျူးလွန်လူတဦးကို စစ်ခုံရုံးက ပြစ်မှုစီရင်ထင်ရှားပါက သီဒဏ်၊ နှစ်အကန့်အသတ်မဟိ အလုပ်နန့် ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားရေ အမြင့်ဆုံးပြစ်ဒဏ် တိကို ချမှတ်နိုင်ကြောင်းနန့် စစ်ခုံရုံးက ချမှတ်တေ ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက်တိနန့်ပတ်သက်လို့ အယူခံပိုင်ခွင့် မဟိစီရ”လို့ ဖော်ပြထားပါရေ။
ဒေနိမာ ကွမ်းလုံမြို့ဟိ ဗျူဟာကုန်း၊ ခမရ ၃၁၂ ဗျူဟာကုန်း၊ရဲစခန်းတိအပါအဝင်ကွမ်းလုံတမြို့လုံးကို MNDAA က သိမ်းပိုက်လိုက်ကြောင်းနန့် အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ သံချပ်ကာကား ၄ စီး၊ စစ်ကားတိနန့် လက်နက်တိအများအပြား သိမ်းဆည်းခကြောင်း MNDAA က ထုတ်ပြန်ခပြီးနောက် စစ်ကောင်စီက ယင်းပိုင် စစ်အုပ်ချုပ်ရီးကြေညာလာစွာဖြစ်ပါရေ။