စစ်ဆင်ရီးစတင်ချိန်ကစလို့ မြို့(၆)မြို့ကို ထိန်းချုပ်ထားနိုင်ပြီးယာလို့ ညီနောင်(၃)ဖွဲ့ဆို
APM ၊ နိုဗမ်ဘာ ၁၂ /၂၀၂၃
၁၀၂၇ စစ်ဆင်ရီး (၁၇) ရက်မြောက်နိဖြစ်တေ ဒေနိ(နိုဗမ်ဘာ ၁၂ ရက်နိ) မာ ကွမ်းလုံမြို့က စစ်ကောင်စီ၏ တပ်စခန်း၊ဌာနတိအားလုံးကို အပြီးသတ်ယှင်းလင်းနိုင်ခပနာ မြို့ကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ဒေနိညည့် ၁၀ နာရီ ၄၀ မိနစ်မာ ထုတ်ပြန်ကြေညာပါရေ။
ထုတ်ပြန်ချက်အရ “သမိုင်းမာ နာမည်ကြီးပြီးကေ ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသလိဟိရေ ကွမ်းလုံမြို့ကို မကျစီဖို့အတွက် စစ်ကောင်စီစွာ လီကြောင်းစစ်ကူတိကို အပြည့်အဝသုံးပနာ ခုခံကာကွယ်နီရေကြားက ညီနောင်မဟာမိတ် (၃) ဖွဲ့အနီနန့် အသက်၊ သွီး၊ ချွေး အရင်းအနှီး ပီးဆပ်မှုများစွာနန့် ဒေနိမာ ကွမ်းလုံဟိ စစ်ကောင်စီ၏ တပ်စခန်း၊ ဌာနတိအားလုံးကို အပြီးသတ်ယှင်းလင်းနိုင်ခပနာ ကွမ်းလုံမြို့ကိုအပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ခရေ”လို့ ဖော်ပြထားပါရေ။
ကွမ်းလုံမြို့ကို အလုံးစုံထိန်းချုပ်နိုင်ရီး နိုဗမ်ဘာ ၁ ရက်နိက ဒေနိအထိ (၁၂) ရက်ကြာမြင့်ရေ စစ်ဆင်ရီးကြီးအတွက် ထိုးစစ်အလီလီ ထိုးခရပြီးကေ ၁၀၂၇ စစ်ဆင်ရီး (၁၇) ရက်တာကာလအတွင်း ပီးဆပ်မှု၊ ရင်းနှီးမှု အများဆုံး ထိုးစစ်လည်းဖြစ်ပနာ ဒေအောင်ပွဲစွာ စစ်အာဏာသျှင်စနစ်ကို တိုက်ထုတ်နီရေ ပြည်သူတိအတွက် အောင်ပွဲတခုဖြစ်တေပိုင် ကိုးကန့်လူမျိုးရို့၏ အိမ်ပြန်ခရီးအတွက် မျှော်လင့်ချက်ပိုနီးကပ်လားနီရေ ထိုးစစ်လည်း ဖြစ်ကြောင်း၊ ဒေရလဒ်စွာ စစ်ဆင်ရီးအတွင်းပါဝင်ခကတ်တေ မဟာမိတ်အဖွဲ့အစည်းတိ၏ စည်းလုံးညီညွတ်မှုပြယုဂ်တခုဖြစ်ကြောင်းနန့် ဒေထိုးစစ် (စစ်ဆင်ရီး) အတွင်း အသက်စွန့်လွှတ်ခရရေ ရဲဖော်တိအတွက် လေးနက်စွာ ဂုဏ်ပြုကြောင်းထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
စစ်ဆင်ရီဆင်နွှဲနီရေအချိန်ကစလို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနီနန့် ကွမ်းလုံအပါအဝင် ချင်းရွှီဟော်၊ ပန်ဆိုင်း (ကြူကုတ်)၊ ဖောင်းဆိုင်၊ သိန္နီ၊ နမ့်ခမ်းမြို့တိဟိ စစ်ကောင်စီတပ်ဖွဲ့ဝင်တိ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တိ၊ ပြည်သူ့စစ်တိကို တယောက်မကျန် တိုက်ထုတ်နိုင်ခပြီးကေ ယင်းမြို့တိကို ထိန်းချုပ်ထားနိုင်ခပနာ ၎င်းရို့၏ အုပ်ချုပ်ရီးတိနန့် အစားထိုးနီရေလို့လည်း ညီနောင် (၃) ဖွဲ့က ဆိုပါရေ။
တခြားတဖက်မာလည်း မဟာဗျူဟာကျ ဟန်ချက်ညီ စစ်ဆင်ရီးတိ တခြားတော်လှန်ရီးအဖွဲ့အစည်းတိနန့် ဆက်လက်ဆောင်ရွက်နီရေလို့သိရပါရေ။
သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ၊ သံလွင်မြစ် အရှိဖက်ခြမ်းဟိ မြို့အပါအဝင် စစ်ကောင်စီ၏ စစ်ရီးအရအရေးပါရေ ဗျူဟာကုန်းကိုလည်း ညီနောင်မဟာမိတ်တိအနီနန့် ဒေနိ မိုးထ ၁၀ နာရီမာ အပြီးသတ်ချေမှုန်း သိမ်းပိုက်ခပြီးကေ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်း အမြောက်အမြားအပါအဝင် တင့်ကားနန့် သံချပ်ကာကားကြီးတိ သိမ်းဆည်းရမိခရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
တအာင်းတပ်မတော် (TNLA)လည်း ဒေနိမိုးထ ၅ နာရီ ၃၀ မိနစ်မာ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ သီပေါ မြို့နယ်၊ ဘော်ကြိုအနာဟိ စစ်ကောင်စီ၏ ကျင်တီတံတားတပ်စခန်း နန့် ဒေနိမိုးထ ၄ နာရီ ၃၀ မိနစ်လောင်မာ သီပေါမြို့နယ်၊ ဘော်ကြိုစခန်း ရို့ကို အပြီးသတ် ချေမှုန်းသိမ်းပိုက်ခပါရေ။
စစ်ကောင်စီတပ်စခန်းတိက တအာင်းပြည်နယ်အတွင်းဟိ တိုက်ပွဲဖြစ်ပွားရာနီရာတိနန့် တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမဟိရေနီရာတိသို့ ဒေနိ တရက်တည်းမာပင် လက်နက်ကြီးနန့် အကြိမ် (၁၇၀)၊ လီကြောင်း တိုက်ခိုက်မှု (၈) ကြိမ်နန့် ရော့ကတ်ဒုံးကျည်အလုံး (၂၀) ပစ်ခတ်တိုက်ခိုက်ခရေလို့ သိရပါရေ။
ဒေနိညဇာ ၄ နာရီ ၃၀ မိနစ်လောက်က စစ်ကောင်စီစွာ ကချင်ပြည် လိုင်ဇာမြို့၊ မုန်လိုင်ခတ်ပတ်ဝန်းကျင်တိသို့ လက်နက်ကြီးတိနန့်ဆက်တိုက်ပစ်ခတ်ခရေအတွက် ရက္ခိုင့်တပ်တော်အခြီစိုက်ရာ တပ်စခန်း ပတ်ဝန်းကျင်အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခပါသိမ့်ရေ။
ယင်းအပြင် နမ့်ခမ်းမြို့ဟိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းကလည်း ဒေနိညဇာ ၈ နာရီလောက်က နမ့်ခမ်းရဲစခန်းသို့ လက်နက်ကြီးနန့်ပစ်ခတ်ခရေအတွက် လူနီအိမ်ထိမှန်ပျက်စီးခကြောင်း သိရပါရေ။
ဒေနိ(နိုဗမ်ဘာ ၁၂ ရက်နိ) လောက်ကိုင်မြို့အထွက် ရှီရင်ကျိကျေးရွာကြား တာရွှီကမ်ပနီရာအနားမာ စစ်ဖီးယှောင်လာကတ်တေ အပြစ်မဲ့အရပ်သားပြည်သူတိကို စစ်ကောင်စီက တမင်ရည်ရွယ်လို့ လီကြောင်းတိုက်ခိုက်မှုပြုလုပ်ခရေအတွက် အရပ်သား ၁၀ ယောက်လောက် သီဆုံးခရပါသိမ့်ရေ။
ညီနောင်မဟာမိတ် (၃) ဖွဲ့ စစ်ဆင်ရီးလှုပ်ယှားရာ ကိုးကန့်၊ လောက်ကိုင်နီရာတိအပါအဝင် ကရင်နီပြည်မြို့တော်၊ လွိုင်ကော်မြို့အနားနန့် စစ်ကိုင်းတိုင်းထိစပ်နီရာတိမာလည်း တော်လှန်ရီးမဟာမိတ်အင်အားစုတိနန့် စစ်ကောင်စီရို့ကြား မြီပြင်တိုက်ပွဲတိ ဆက်လက်ပြင်းထန်နီပြီးကေ စစ်ကောင်စီဖက်က လီကြောင်းတိုက်ခိုက်မှုတိကို အဓိကထားပနာ အပြင်းအထန် တုံ့ပြန်ခုခံကာကွယ်လို့ ဟိကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။