
APM၊ နိုဗမ်ဘာ ၁၂/ ၂၀၂၃
ဒေနိ(နိုဗမ်ဘာ ၁၂ ရက်နိ) ညဇာ ၄ နာရီ ၃၀ မိနစ် အချိန်လောက်ကစလို့ စစ်ကောင်စီရေ လိုင်ဇာ၊ မုန်လိုင်ခတ် ပတ် ဝန်းကျင်တိသို့ လက်နက်ကြီးတိနန့် ဆက်တိုက်ပစ်ခတ်လျက်ဟိရာ ရက္ခိုင့်တပ်တော် AA တပ်စခန်းဝန်းကျင်အတွင်းသို့ ကျရောက်ပေါက်ကွဲလျက်ဟိကြောင်း သိရပါရေ။
ယင်းပိုင်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုတိကြောင့် AA တပ်စခန်းပတ်ဝန်းကျင်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလျက်ဟိရေလို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ကလည်း ဒေနိညဇာ ၄ နာရီ ၄၅ မိနစ်မာ ထုတ်ပြန်ထားပါရေ။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနီတိကိုတော့ ထုတ်ပြန်ချက်မာ ဖော်ပြထားစွာ မဟိသိမ့်ပါ။
ကုန်ခရေ အောက်တိုဘာ ၁၃ ရက်နိကလည်း စစ်ကောင်စီတပ်စွာ ၎င်းရို့တပ်စွဲထားရေ ခါယာတောင်စခန်းကနီ လိုင်ဇာမြို့သို့ လက်နက်ကြီး တိနန့်လှမ်းပစ်ခပါသိမ့်ရေ။
အောက်တိုဘာ ၉ ရက်နိ ညည့်ကလည်း စစ်ကောင်စီတပ်စွာ မုန်လိုင်ခတ်ဟိ စစ်ဖီးယှောင်စခန်းကို လက်နက်ကြီးနန့် ပစ် ခတ်တိုက်ခိုက်ခလို့ စစ်ဖီးယှောင်အချေသူငယ်တိနန့် အမျိုးသမီးတိအပါအဝင်လူပေါင်း ၃၀ နီးပါး အစုလိုက်အပြုံ လိုက် သီဆုံးခရရေပိုင် လိုင်ဇာဟိ ရက္ခိုင့်တပ်တော် AA က တပ်ဖွဲ့ဝင် ၁ ယောက်ကျဆုံးခရပြီးကေ AA တပ်ဖွဲ့ဝင်၁၀ ယောက်ထက်မနည်း ထ ခိုက် ဒဏ်ရာရလားခရပါရေ။
အလားတူ စပ်တမ်ဘာ ၂၈ ရက်နိကလည်း ခါယာတောင်စစ်ကောင်စီတပ်စစ်ခန်းက မုန်လိုင်ခတ်ဟိ AA ၏ စခန်းတိသို့ လက်နက်ကြီး နန့် ပစ်ခတ်တိုက်ခိုက်ခပြီးကေ ယင်းပစ်ခတ်မှုကြောင့် AAဖက်က ဗိုလ် ကြီးတယောက်ကျဆုံးခပနာ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရလား ခပါသိမ့်ရေ။
ယင်းသို့ စစ်ကောင်စီတပ်က တသိတမင် ရည်ရွယ်ချက်ဟိဟိလက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခိုက်နီမှုအပေါ် ရက္ခိုင့် တပ်တော်ဖက်က လိုအပ်တေပိုင် တုံ့ပြန်လားဖို့လို့ ပြောဆိုထားပါရေ။
Photo – HRW
