
APM ၊ နိုဗမ်ဘာ ၁၂ / ၂၀၂၃
မင်းပြားမြို့နယ်မာ ဒေနိ(နိုဗမ်ဘာ ၁၂ ရက်နိ) မိုးထက ငါးရှာလားရေ ဒေသခံအမျိုးသားတယောက် ရီမြုပ်သီဆုံးလားကြောင်းသိရပါရေ။
ရီမြုပ်သီဆုံးလားလူမာ မင်းပြားမြို့နယ်၊ ခမောင်းတောရွာက ဦးမောင်ဝင်း (၄၂ နှစ်) ဖြစ်ပါရေ။
“သူ ဒေနိမိုးထ ၉ နာရီလောက်က ရွာအနောက်ဖက်ကချောင်းမာ ငါးရှာဖို့ဆိုပြီးကေ ကွန်တလက်နန့်ထွက်လားခရေ။ ဇာပိုင်ဇာပိုင်ဖြစ်ခဂါးမသိ။ ၁၁ နာရီလောက်ခါမှ ရီမြုပ်လို့သီနီရေ ယင်းသူ အလောင်းကို ချောင်းဖက်ကတက်လာရေ ရွာသားနှစ်ယောက်ကတွိလို့ လာပြောခါမှသိကတ်စွာ” လို့ ရွာသားတယောက်ကပြောပါရေ။
ဦးမောင်ဝင်းစွာ ဒေနိ မိုးထ ၉ နာရီလောက်က ငါးရှာဖို့ဆိုပနာ နီအိမ်က ထွက်လားခပါရေ။
ယင်းနောက် ရွာအနောက်ဖက်ဟိ ချောင်းမာ ရီမြုပ်သီဆုံးနီရေ ရုပ်အလောင်းကို မိုးထ ၁၁ နာရီလောက်မာ ရွာသားတိက ရှာတွိခစွာပါ။
ဦးမောင်ဝင်းရုပ်အလောင်းကိုတော့ ညဇာ ၃ နာရီ ရွာသင်္ချိုင်းမာ မြီမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း သိဟိရပါရေ။
