APM၊ အောက်တိုဘာ ၁၂/ ၂၀၂၂
ကျောက်ဖြူမြို့တွင် အောက်တိုဘာ ၁၁ ရက်နိ ညဇာကအပြစ်မဲ့ပြည်သူတယောက်ကို စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီးလား ကြောင်း သိရသည်။
အဖမ်းခံရသူမှာ ကျောက်ဖြူမြို့၊ အရာဟိရပ်ကွက်တွင် နီထိုင်သည့် GYM Trainer ကိုမောင်တင်ထွန်း (၃၀ နှစ်) ဖြစ်ပြီး သူ့ကို အောက်တိုဘာ ၁၁ရက်နိ၊ ညဇာ ၇ နာရီခွဲလောက်က ကျောက်ဖြူမြို့၊ ကုလဘာတောင်ရပ်ကွက်၊ ငလပွေ့လမ်းဟိ ၎င်းအလုပ် လုပ်ကိုင်နီသည့် GYMအားကဇတ်ရုံတွင် စစ်ကောင် စီတပ် ခလရ
(၃၄)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့၀င်အင်အား ၁၀ယောက်ခန့်မှ အိမ်စီးကားနှစ်စီးဖြင့်လာရောက်ကာ ဖမ်းဆီး ခေါ်ဆောင်လားခသည်ဟု မျက် မြင်ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် ခလရ(၃၄)တပ်ရင်းသည် စပ်တမ်ဘာ ၇ ရက်နိမှ အောက်တိုဘာ ၁၁ ရက်နိအထိ ကာ လအတွင်း ကျောက်ဖြူ မှ အပြစ်မဲ့အရပ်သားပြည်သူ ၂၂ ယောက်ထက်မနည်းကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးထိန်းသိမ်းခပြီး၊ ၎င်းရို့အား ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၇/၁ ရို့နန့် မတရားသဖြင့် အမှုဖွင့်တရားစွဲဆိုလျက်ဟိကြောင်း သိဟိရသည်။
(Zawgyi)
ကျောက်ဖြူတွင် အပြစ်မဲ့ပြည်သူတယောက်ကို စစ်ကောင်စီတပ် ထပ်ဖမ်း
APM၊ အောက်တိုဘာ ၁၂/ ၂၀၂၂