APM ၊ ဂျန်နဝါရီ ၁၂ / ၂၀၂၄
မင်းပြားမာ ဂျန်နဝါရီ ၁၂ ရက်နိ၊ ညဇာက စစ်ကောင်စီတပ်က လက်နက်ကြီးနန့်ပစ်လို့ အရပ်သားပြည်သူ နှစ်ယောက် ဂွင်ချင်းသီဆုံးလားပြီးကေ၊ အချေနှစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရလားခကြောင်း သိရပါရေ။
သီဆုံးလားလူတိမာ မင်းပြားမြို့နယ်၊ ပိုက်သည် (မူဆလင်) ရွာက ဦးလှမောင်သိန်း (၄၅ နှစ်)နန့် ဒေါ်လှလှမေ (ခ) ဖောကုနီ (၃၅ နှစ်)ရို့ဖြစ်ပြီးကေ ဒဏ်ရာရလားရေ အချေနှစ်ယောက်မာ ယင်း ပိုက်သည်(မူဆလင်)ရွာက အာလီဇူဖော့ကာ (၁၃ နှစ်) နန့် ရှာဖူ(၆ နှစ်) ရို့ဖြစ်ကတ်ပါရေ။
ဂျန်နဝါရီ ၁၂ ရက်နိ၊ ညဇာ ၅ နာရီ ၁၅ မိနစ်လောက်မာ မင်းပြား၊ မယ်တော်တောင်မာ တပ်စွဲထားရေ စစ်ကောင်စီတပ်က ပိုက်သည်ရွာထဲကို ရည်ရွယ်ဟိဟိနန့်လက်နက်ကြီး ၃ လုံး ပစ်ခတ်ခကြောင်း ရွာသားတိကပြောပါရေ။
ယင်းအထဲက တလုံးစွာ ဦးလှမောင်သိန်းအိမ်နားမာ ကျရောက်ပေါက်ကွဲခလို့ ဦးလှမောင်သိန်း နန့် ဒေါ်လှလှမေစွာ နီရာမာပင် ဂွင်ချင်း သီဆုံးလားရေလို့ ဆိုပါရေ။
အလားတူ လက်နက်ကြီးကျည်နောက်တလုံးမာလည်း ပိုက်သည်ရွာက ဦးမောင်လုံးချေ၏ အိမ်နားမာကျရောက် ပေါက်ကွဲခပနာ ဦးမောင်လုံးချေ၏ သားဖြစ်သူ အာလီဇူဖော့ကာ မာ ဘယ်ဖက်ခြီထောက်ပြတ်ထွက်လားပြီးကေ ဟိမာနုဆောင်၏သားဖြစ်သူ ရှာဖူ မာလည်း ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတိပြင်းပြင်းထန်ထန်ရလားခပါရေ။
လက်ဟိ ဒဏ်ရာရရေ အချေနှစ်ယောက်မာအရေးပေါ်ဆီးကုသမှုခံယူလို့ဟိပါရေ။
ဂျန်နဝါရီ ၁၂ ရက်နိ၊ နိခင်း ၁၂ နာရီ ကျော်ကလည်း ကြပ်စင်မြစ်ကြောင်းအတိုင်း ပေါက်တောဖက်ကို လားခရေ စစ်ကောင်စီနေဗီ ၂ စီးက လက်နက်ကြီးနန့်ပစ်လို့ တောင်ရှည်ပြင်ရွာက ရွာသားတယောက် ဂွင်ချင်းသီဆုံးခရပါသိမ့်ရေ။