APM ၊ ဂျန်နဝါရီ ၁၂ / ၂၀၂၄
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ သျှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်း ချမှတ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဂျန်နဝါရီ ၁၂ ရက်နိ ထုတ်ပြန်ပါရေ။
ရုပ်သံသတင်းထောက်ဟောင်းလည်းဖြစ်၊ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာလည်းဖြစ်တေ သျှင်ဒေဝီကို ဂျန်နဝါရီ ၁၀ ရက်နိမာ စစ်ကောင်စီ၏ အင်းစိန်ထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရီး ဥပဒေပုဒ်မ၅၀(ည) နန့် ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်စွာဖြစ်ပါရေ။
IPCM ၏ ထုတ်ပြန်ချက်မာ “မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ သျှင်ဒေဝီကို၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နိက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကိုခံခရပြီးနောက်၊ ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁၀ ရက်နိမာ အကြမ်းဖက်မှုတိုက်ဖျက်ရီး ဥပဒေပုဒ်မ ၅၀(ည) နန့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပြီး၊ ဖမ်းဆီးခံရစဉ်အတွင်း စစ်ကြောရီးတွင် မတရားနှိပ်စက်ခံရခြင်းအတွက် စစ်ကောင်စီမှ တာဝန်ခံရမည်ဖြစ်သည် လို့ ဖော်ပြထားပါရေ။
ယင်းအပြင် မှတ်တမ်းရုပ်ရှင်ရိုက်ကူးခြင်း၊ သတင်းရွီးသားတင်ဆက်ခြင်းစွာ သတင်းမီဒီယာကျင့်ဝတ်အရဖြစ်စီ၊ နိုင်ငံတကာ ဥပဒေ၊ တည်ဆဲဥပဒေတိအရဖြစ်စီ ပြည်သူရို့၏ သတင်းရယူသိပိုင်ခွင့်(Right to Infromation) ကို တရားဝင်လုပ်ဆောင်ပီးစွာရာဖြစ်လို့ လွတ်လပ်စွာ သတင်းရယူတင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စီရေအတွက် မတရားဖမ်းဆီးခံထားရရေ သတင်းသမားတိအားလုံး ခြွင်းချက်မဟိ အယင်ဆုံးပြန်လွှတ်ပီးဖို့ကိုလည်း IPCM က တောင်းဆိုထားပါရေ။
အလားတူ ဖမ်းဆီးခံသတင်းသမားတိ အယင်ဆုံးလွတ်မြောက်ရီးနန့် တရားဝင်မီဒီယာလုပ်ငန်းတိ ဖီးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရီးကိုလည်း IPCM က အဓိကဦးစားပီးလုပ်ငန်းစဉ်အဖြစ်ဆက်လက်ဆောင်ရွက်လားဖို့ဖြစ်ကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
Photo – IPCM