
(အလောင်းတိကို ဒေဂုအချိန်ထိ စစ်ကောင်စီ သယ်ခွင့်မပီး)
APM ၊ ဂျန်နဝါရီ ၁၂ / ၂၀၂၄
ဂျန်နဝါရီ ၁၁ ရက်နိ၊ ညဇာပိုင်းမာ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက အိမ်ထဲဝင်ပနာ လူမဆန်စွာ သီနတ်နန့် ပစ်သတ်လို့ မင်းပြားမြို့က အာရက္ခပြည်သူ ၄ ယောက် သီဆုံးလားကြောင်း သိရပါရေ။
စစ်ကောင်စီတပ် သီနတ်နန့်ပစ်သတ်လို့ သီလားခရေလူတိကတော့ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်က ကိုဂေါင်းလှ(၂၃ နှစ်)၊ ဒေါ်မနန်းဘုံ (၅၀ နှစ်)၊ ဒေါ်မဲယဉ်(၄၂ နှစ်) နန့် ဦးသိန်းချေမောင်(၄၅ နှစ်) ရို့ဖြစ်ပါရေ။
ဂျန်နဝါရီ ၁၁ ရက်နိ၊ ညဇာ ၃ နာရီ မိနစ် ၃၀လောက်မာ နေဗီက ကုန်းထက်သို့ တက်လာရေ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ကျော်စွာ မင်းဘာကြီးရပ်ကွက်ဟိ ဒေါ်မနန်းဘုံ၏ အိမ်နားအရောက်မာ “အိမ်ထဲမာလူရှိတယ်” လို့ဆိုပနာ အိမ်ထရံကို ဖြိုဖျက်ဝင်ရောက်ပြီးကေ အိမ်ထဲမာပုန်းနီရေ ယင်း မြို့ခံ ၄ ယောက်ကို လူမဆန်စွာ သီနတ်နန့် ပစ်သတ်ခရေလို့ ထွက်ဗြီးလွတ်မြောက်လာရေ မျက်မြင် မိသားစုဝင် နှစ်ယောက်က ပြောပါရေ။
ယင်းအပြင် အလောင်းယူဖို့လားရေလူတိကို တောင်မော်ဦးမာ တပ်စွဲထားရေ စစ်ကောင်စီတပ်က သီနတ်နန့်လိုက်ပစ်နီလို့ အလောင်းတိကိုလည်း ဒေဂုအချိန်ထိ မသင်္ဂြိုလ်ရသိမ့်လို့ဆိုပါရေ။
ဂျန်နဝါရီ ၁၁ ရက်နိ၊ မိုးထ ၇ နာရီကစလို့ စစ်ကောင်စီတပ်စွာ မင်းပြားမြို့ကို ဂျက်တိုက်လီယာဉ်၊ Mi – 35 စစ်ရဟတ်ယာဉ်တိနန့် လီကြောင်းတိုက်ခိုက်ခရေအပြင် နေဗီနန့်ပါ ပစ်ခတ်တိုက်ခိုက်ခကြောင်းသိရပါရေ။
