APM ၊ ဂျန်နဝါရီ ၁၂ /၂၀၂၄
ဂျန်နဝါရီ ၁၂ ရက်နိမာ ကျရောက်တေ (၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရီးနိအခမ်းအနားသို့ ညီနောင် မဟာမိတ်တိဖြစ်ကတ်တေ မြန်မာနိုင်ငံအမှန်တရားနန့် တရားမျှတသော အမျိုး သားပါတီ/မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) နန့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ရို့က ဂုဏ်ပြုသဝဏ်လွှာပီးပို့လိုက်ပါရေ။
သဝဏ်လွှာအတွင်း “နိုင်ငံရီး၊ စစ်ရီးရည်မှန်းချက်နန့် မဟာမိတ်ဆက်ဆံရီးပီပြင်သည့် မိမိရို့ ဘဝတူတော်လှန်ရီး ညီနောင် မဟာမိတ် (၃) ဖွဲ့ထဲမှ ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/တအာင်းအမျိုးသားလွတ် မြောက်ရီးတပ် မတော် (PSLF/TNLA) သည် တအာင်းကံကြမ္မာကို တအာင်းဖန်တီးခွင့်ရဟိရီး၊ တအာင်းပြည်နယ်ရဟိရီးစသည့် ခိုင်မာ သောရည်မှန်းချက်များကို တအာင်းပြည်သူလူထုတရပ်လုံးနန့်အတူ လက်တွဲတိုက်ပွဲဝင်နီသည်မာ ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ (၁၂) ရက်နိဆိုလျှင် (၆၁) နှစ် မြောက်နိသို့တိုင် ရောက်ဟိလာယာဖြစ်သည်” လို့ဖော်ပြထားပါရေ။
တအာင်းအမျိုးသားတော်လှန်ရီး (၆၁) နှစ်ပြည့်ချိန်မာ PSLF/TNLA ၏ နိုင်ငံရီးရည်မှန်းချက်တိ အလုံးစုံမဟုတ်ကေတောင် အတိုင်းအတာတခုအထိ ပြီးပြည့်စုံရေ အခြေအနီသို့ရောက်ဟိလာယာလို့ မိမိရို့ ညီနောင်နှစ်ဖွဲ့က အပြည့်အဝယုံကြည် မိပါကြောင်း၊ ဤသည်မာ ၁၀၂၇ စစ်ဆင်ရီးကြောင့်ဖြစ်ခပြီး မိမိရို့ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ပူးတွဲတိုက်ပွဲဝင်နိုင်မှုနန့် တခြား မိမိရို့၏ မိတ်ဖက်အဖွဲ့အစည်းအချို့၏ သူ့ကဏ္ဍနန့်သူ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ခမှုများကြောင့်ဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရီးကာလအတွင်း မိမိရို့နန့်အတူ အသက်၊ သွီး၊ ချွေး များစွာ ပီးဆပ်ခကတ်တေ တယောက်ချင်းစီ အားလုံးကို လေးလေး နက်နက်မှတ်တမ်းတင် ဂုဏ်ပြုကြောင်းနန့် အလားတူ တအာင်းတော်လှန်ရီးကာလအတွင်း ပီးဆပ်စွန့်လွှတ်ခသူ အားလုံးကို ဦးညွှတ်ဂုဏ်ပြုကြောင်း သဝဏ်လွှာမာ ဖော်ပြထားပါရေ။
ယင်းအပြင် “မိမိရို့ ညီနောင်အချင်းချင်းအကြားတွင် ကတောက်ကဆ အဆင်မပြေမှုများ တခါတလီဟိခကတ်သည့် တိုင်အောင် နားလည်မှု၊ စိတ်ရှည်သည်း ခံမှု၊ သဘောထားကြီးမြတ်မှုရို့ဖြင့် ဖြတ်ကျော်နိုင်ခကတ်သည်။ မိမိရို့၏ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှု၊ အောင်ပွဲများသည် စစ်ကောင်စီ၏ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော တော်လှန်ရီးအဖွဲ့အစည်းများအတွက် အတုယူဖွယ်၊ လေးစားအားကျဖွယ်ဖြစ်ခစွာ အမှန်ပင်ဖြစ်သည်။ ဆက်လက်၍လည်း ပြည်သူလူထုတရပ်လုံး အားကိုးအားထားရသော အဖွဲ့အစည်းများဖြစ်အောင် ယခုထက်ပိုမို ကြိုးစားရန်လိုအပ်နီပါသိမ့်သည်” လို့လည်း ဆိုပါရေ။
“တဖွဲ့၏အခက်အခဲစွာ အားလုံး၏ အခက်အခဲ၊ တဖွဲ့၏အောင်မြင်မှုစွာ အားလုံး၏အောင်မြင်မှုဖြစ်တေ ဆိုရေ ခံယူချက်တိနန့် တဖွဲ့ချင်း၏ အိပ်မက်၊ စုပေါင်း ဘုံအိပ်မက်တိကို စည်းလုံးညီညွတ်စွာနန့် မရရအောင် ရယူကတ်ရဖို့ဖြစ်တေပိုင်၊ အခြားတဖက်မာ ညီနောင်မဟာမိတ် (၃) ဖွဲ့စွာ မြန်မာပြည်သူလူထုတရပ်လုံး၏ ဘုံရည်မှန်းချက်ဆန္ဒဖြစ်တေ စစ်အာဏာသျှင်အမြစ်မပြတ်သရွိ မြန်မာပြည်သူလူထုရို့နန့်အတူ တသွီးတည်း၊ တသားတည်း ဟိနီဖို့ဖြစ်ကြောင်းလည်း သဝဏ်လွှာမာဖော်ပြထားပါရေ။
“၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ (၁၂) ရက်နိသည် မိမိရို့၏ ညီနောင်မဟာမိတ် PSLF/TNLA နန့် တအာင်းအမျိုးသားရို့၏ (၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရီးနိဖြစ်သည့်အလျောက် ဤမင်္ဂလာဟိသောနိရက်၌ PSLF/TNLA အဖွဲ့အစည်းမှ တအာင်းတမျိုးသားလုံးမျှော်မှန်းသော အလုံးစုံသော အိပ်မက်များကို အယင်ဆုံးအကောင်အထည်ဖော်နိုင်ပါစီကြောင်း MNTJP/MNDAA နန့် ULA/AA ရို့က ညီရင်းအစ်ကိုညီနောင်စိတ်ဓာတ်အပြည့်နန့် ဆုမွန်ကောင်းတောင်းပီးထားပါရေ။