
APM ၊ ဂျန်နဝါရီ ၁၂ / ၂၀၂၄
တရုတ်နိုင်ငံ၊ ကူမင်းမြို့မာ ဂျန်နဝါရီ ၁၀ ရက်ကနီ ၁၁ ရက်နိအထိနှစ်ရက်ကြာဆွေးနွေးခကတ်တေ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရီးနန့် ငြိမ်းချမ်းရီးဖော်ဆောင်မှုညှိနှိုင်းရီးကော်မတီ (NSPNC) နန့်ညီနောင်မဟာမိတ် (၃) ဖွဲ့ရို့အကြား ဟိုင်ဂင်သဘောတူညီမှု ဆွေးနွေးပွဲ၏ နောက်ဆက်တွဲ ရလဒ်တိကို ညီနောင် (၃) ဖွဲ့ က ဂျန်နဝါရီ ၁၂ ရက်နိ၊ ညည့် ၉ နာရီ ၃၀ မိနစ်မာ ထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်မာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ကြားဝင်စိစပ်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရီးနန့် ငြိမ်းချမ်းရီး ဖော်ဆောင်မှု ညှိနှိုင်းရီးကော်မတီ (NSPNC) နန့် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကတ်သော MNDAA၊ TNLA နန့် AA ရို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ (၁၀) နန့် (၁၁) ရက်နိများတွင် ” ဟိုင်ဂင်သဘောတူညီမှုများ” ကို နှစ်ရက်တာ တွိဆုံဆွေးနွေးခကတ်ပါသည်” လို့ဖော်ပြထားပါရေ။
ယင်းတွိဆုံမှုစွာ တတိယအကြိမ်ဆွေးနွေးပွဲဖြစ်ပြီးကေ တွိဆုံဆွေးနွေးပွဲအပြီးမာ ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁၁ ရက်၊ ညဇာ ၉ နာရီကစလို့ နှစ်ဖက်တပ်တိ ချက်ချင်းအပစ်ရပ်စဲရီး၊ နှစ်ဖက် တပ်ဖွဲ့ဝင်အချင်းချင်းကြားမာ ပစ်ခတ်တိုက်ခိုက်မှုနန့် ထိတွိမှုမဝိစီရီးနန့် အငြင်းပွားဖွယ်ရာတိနန့် လိုလားချက်တိ(ပစ်ခတ်မှုတိ) ဖြစ်ပေါ်လာခကေတွိဆုံဆွေးနွေးမှုလမ်းစဉ်နန့် ဖြေယှင်းရီး စရေအချက်တိအပေါ် သဘောတူညီမှုတိရဟိခကတ်တေလို့ ဆိုပါရေ။
ယင်းသဘောတူညီမှုရဟိစီဖို့အတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့က သျှမ်းမြောက်ဟိ စစ်ကောင်စီ၏ စခန်းတိ၊ ဗျူဟာကုန်းတိကို ထိုးစစ်ဆင်တိုက်ခိုက်မှုတိကို စတင်မပြုလုပ်ဖို့သဘောတူခပြီးကေ စစ်ကောင်စီဖက်ကလည်း သျှမ်းမြောက်ဒေသဟိ ညီနောင်မဟာမိတ်ရို့၏ ထိန်းချုပ်၊ သိမ်းပိုက်ထားရေ နီရာတိအားလုံးသို့ လီကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ဖို့ သဘောတူခကတ်တေလို့ သိရပါရေ။
အလားတူ နှစ်ဖက်အဖွဲ့အစည်းက တရုတ်-မြန်မာနယ်စပ်ဒေသဟိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားတိနန့် မြန်မာပြည်အတွင်းဟိတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရီးကို မထိခိုက်ကတ်စီရန်နန့် မဖျက်ဆီးကတ်ရန် သဘောတူညီခကတ်တေပိုင်၊နှစ်ဦးနှစ်ဖက်က ချက်ချင်းအပစ်ရပ်စဲရီးဆိုင်ရာ အစီအမံနန့် အခြားကိစ္စရပ်တိကို ဆက်လက် ဆွေးနွေးလားဖို့လည်း သဘောတူခကတ်တေလို့ ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။
