![](https://arakanprincess.media/wp-content/uploads/2023/01/BTD-1.jpg)
APM ၊ ဂျန်နဝါရီ ၁၂ / ၂၀၂၃
ရက္ခိုင့်တပ်တော်AAနန့်ဆက်စပ်သည်ဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီး၍ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့်တရားစွဲဆိုခံထားရသည့် ဘူးသီးတောင်မြို့နယ်၊တပ်မင်းချောင်းအုပ်ချုပ်ရီးမှူး၏အမှုကို ဒေနိ(ဂျန်နဝါရီ ၁၂ ရက် နိ)တွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ (၆) ကြိမ်မြောက် ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟု အကြောင်းပြ ကာ မစစ်ဆီးဘဲ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
(၆) ကြိမ်မြောက်ရုံးချိန်းထပ်ရွှိခံလိုက်ရသည့် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူးမှာ ဦးဦး ကျော်လှ ဖြစ်သည်။
အုပ်ချုပ်ရီးမှူး၏အမှုကို ဒေနိခါ ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ရုံးထုက်ခကေလေ့ တရားလို မရောက်၍ စစ် ဆီးခြင်းမဟိဘဲ လာမည့် ဂျန်နဝါရီ ၁၉ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း၊ ရုံးတင်စဉ်မှစ၍ ဒေနိအထိ (၆) ကြိမ် ရုံးထုတ်ခရာ ယင်း(၆)ကြိမ်စလုံး၌ တရားလိုမရောက်ဟုဆိုကာ လုံးဝမစစ်ဆီးဘဲ(၆)ကြိမ်တိုင်တိုင် ရုံးချိန်းရွှိနီ ခကြောင်း အုပ်ချုပ်ရီးမှူး၏ မိသားစုဝင်တယောက်က ပြောသည်။
ကုန်ခသည့် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူသီးတောင် မြို့နယ်ဟိအုပ်ချုပ်ရီးမှူး ၁၂ ယောက်အားတွိဆုံရန် ခေါ်ယူခပြီးနောက် ယင်းအထဲမှ တပ်မင်းချောင်းရွာ အုပ်ချုပ်ရီး မှူး ဦးဦးကျော်လှနန့်မီးကျောင်းဈီး(မူဆလင်)ရွာအုပ်ချုပ်ရီးမှူး ဦးဟာမိတ်တူဆောင်းရို့နှစ်ယောက်ကို ပြန်မလွှတ် ဘဲ ဖမ်းထားလိုက်ခြင်းဖြစ်သည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AAနန့်ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုထားပြီး၊ ဦးဦးကျော်လှ ကို ဒေနိရုံးထုတ်ကာ ဦးဟာမတ်တူဆောင်းကိုတော့ နက်ဖြန်(ဂျန်နဝါရီ ၁၃ ရက်နိ) တွင် ရုံးထုတ်မည်ဖြစ်သည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင် အကျဉ်းထောင် ထောင်ချုပ်၌ ထိန်းသိမ်း ချုပ်နှောင်ထားကြောင်း သိဟိရသည်။
Photo-Narinjara
![](https://arakanprincess.media/wp-content/uploads/2023/01/BTD-1.jpg)