
APM ၊ ဂျန်နဝါရီ ၁၂ / ၂၀၂၃
ဒေနိ(ဂျန်နဝါရီ ၁၂ ရက်နိ)တွင် ကျရောက်သည့် နှစ် (၆ဝ) ပြည့် တအာင်းအမျိုးသားတော်လှန်ရီးနိ အခမ်းအနားသို့ ညီနောင်မဟာမိတ်များဖြစ်ကတ်သည့် ကိုးကန့် MNTJP/MNDAA နန့် ရက္ခိုင်ULA/AA ရို့မှ ဂုဏ်ပြုသဝဏ်လွှာ ပီးပို့ လိုက်ကြောင်း သိရသည်။
သဝဏ်လွှာ၌ “ကိုးကန့်၊ တအာင်း၊ ရက္ခိုင်လူမျိုးများအပါအဝင် မြန်မာနိုင်ငံအတွင်းမှ လူမျိုးအသီးသီးရို့သည် အမျိုးသားတန်းတူရီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရို့အတွက် အမျိုးသား လွတ်မြောက်ရီးနန့် စစ်အာဏာသျှင်စနစ် အောက်မှ လွတ်မြောက်ရီးတိုက်ပွဲများကို တဖွဲ့ချင်း (သိုမဟုတ်) စုပေါင်း ပြီးလက်နက်ကိုင်တော်လှန်တိုက်ခိုက်နီကတ်ဆဲဖြစ်သည်။ ဆက်လက်၍လေ့ မိမိရို့အဖွဲ့အစည်းများ၏ တူညီသော စစ်ရီး၊နိုင်ငံရီးရည်မှန်းချက်ကိုမရမချင်းဟန်ချက်ညီလက်တွဲကာစုဖွဲ့တော်လှန်တိုက်ပွဲဝင်နီ ကတ်ဦးမည် ဖြစ်သည်” ဟု ဖော်ပြထားသည်။
ယင်းအပြင် နိုင်ငံရီး၊ စစ်ရီး ရည်မှန်းချက်နန့် မဟာမိတ်ဆက်ဆံရီးပီပြင်သည့် ဘဝတူတော်လှန်ရီး ညီနောင် မဟာ မိတ် (၃) ဖွဲ့ထဲမှ ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (PSLF/ TNLA)သည် တအာင်းကံကြမ္မာကို တအာင်းဖန်တီးခွင့်ရဟိရီး၊ တအာင်းပြည်နယ်ရဟိရီးစသည့် ခိုင်မာသော ရည် မှန်းချက်များကို တအာင်းပြည်သူလူထုတရပ်လုံး နန့် အတူ လက်တွဲတိုက်ပွဲဝင်နီခသည်မှာ ၂၀၂၃ ခုနှစ်၊ ဂျန်နဝါရီ ၁၂ ရက်နိဆိုလျှင် နှစ် (၆၀) ပြည့်သို့တိုင် ရောက်ဟိလာခပြီးဖြစ်ကြောင်းလေ့ သဝဏ်လွှာက ဆိုသည်။
အလားတူ “လွန်ခသော ဆယ်နှစ်တာကာလနီးပါးအတွင်း၌ မိမိရို့ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ဘုံရန်သူ၏စစ်ရီး၊ နိုင်ငံရီးထိုးနှက်ချက်များနန့် လူမျိုးရီးသပ်လျှိုဖြိုခွဲခြင်းများကို ချစ်ခင်စည်းလုံးညီညွတ်စွာဖြင့်တက်၊ ဆုတ်ညီစွာ အတူတကွ လက်တွဲရင်ဆိုင်ဖြေယှင်းနိုင်ခကတ်သည်။ ယင်းနည်းတူ ဟန်ချက်ညီ တိုက်ပွဲများအတွင်း ညီနောင်မ ဟာမိတ်စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဓာတ်များကို ပြသနိုင်ခကတ်သည့်အပြင် စည်းလုံးညီညွတ်မှုပြယုဂ်ကို စစ်မြီပြင်များ၌ လက်တွိကျကျပြသနိုင်ခသည်။ ယင်းကြောင့် မိမိတို့အချင်းချင်းအကြား၌ ဟိသော စည်းလုံး ညီညွတ်မှုသည်ပိုမိုအားကောင်းလာခြင်းနန့်အတူ စည်းလုံးမှုအင်အားကိုလေ့ မည်သည့်အချိန်တွင်မဆို ဆက်လက် ပြသရန် အသင့်ဟိနီပြီးဖြစ်သည်” ဟုလေ့ MNTJP/MNDAA နန့် ULA/AA ရို့က ဆိုသည်။
ယင်းသို့ ညီနောင်မဟာမိတ်သုံးဖွဲ့၏လုပ်ဆောင်ချက်များကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့အချင်းချင်းအကြား၌ သာမက ကိုးကန့်၊တအာင်း၊ရက္ခိုင်လူမျိုးများအချင်းချင်းအကြား၌လည်းကောင်း၊စစ်အာဏာသျှင်စနစ်ကို ဆန့် ကျင် တော်လှန်ကတ်သည့် နွီဦးတော်လှန်ရီးအတွင်းမှ ပေါက်ဖွားလာသော ပြည်သူ့ထောက်ခံမှုရ တော်လှန်ရီး ဆန်သော အဖွဲ့အစည်းများကြား၌ လည်းကောင်း အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှု များကိုပါ ရဟိ ခကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
“၂၀၂၃ ခုနှစ်၊ ဂျန်နဝါရီလ (၁၂) ရက်နိသည် မိမိရို့၏ ညီနောင်မဟာမိတ် PSLF/TNLA နန့် တအာင်းအမျိုးသားရို့၏ နှစ် (၆၀) ပြည့် တအာင်းအမျိုးသားတော်လှန်ရီးနိဖြစ်သည့်အလျောက် ဒေနိကို တအာင်းလူမျိုးများမှ စစ်ရီးသတိ ဖြင့် ဂုဏ်ယူစွာကျင်းပနီကတ်မည်ဟု ယုံကြည်ပါသည်။ PSLF/TNLA အဖွဲ့အစည်းနန့် တအာင်းလူမျိုးများမျှော် လင့်နီသော မျှော်မှန်းချက်များ အယင်ဆုံးအကောင်အထည်ဖော်နိုင်ပါစီကြောင်း ဆုမွန်ကောင်းတောင်းပီးရင်း မင်္ဂလာဟိသော ဒေနိရက်၌ ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်သော ကိုးကန့် MNTJP/MNDAA နန့် ရက္ခိုင် ULA/AA ရို့မှ ဤဂုဏ်ပြု သဝဏ်လွှာကို ပီးပို့အပ်ပါသည်” ဟု ဒေနိကျရောက်သည့် နှစ် (၆ဝ) ပြည့် တအာင်းအမျိုးသား တော်လှန်ရီးနိ အခမ်းအနားသို့ ပီးပို့သည့် MNTJP/MNDAA နန့် ULA/AA ရို့၏ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြပါဟိ ပါသည်။
