APM၊ နိုဗမ်ဘာ၁၁/၂၀၂၂
ဒေနိ(နိုဗမ်ဘာ ၁၁ ရက်နိ)၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် ဘူးသီးတောင်မြို့မှ လူ ၇ ယောက်ကို ဖမ်းဆီးလားကြောင်းသိရသည်။
အဖမ်းခံရသူများမှာထွေ/အုပ်စာရေး ၂ ဦးဖြစ်သည့် ဦးမြတ်ဇော်ဦး(၃၈နှစ်)နန့် ဦးအောင်နိုင်စိုး(၃၃နှစ်)၊ ကျေးလက်ဌာနဝန်ထမ်း ဦးဇော်မျိုးသူ(၃၃နှစ်)၊ ကာ ယဆရာ ဦးအောင်နိုင်(၄၇နှစ်)၊ ဦးဇော်လှိုင်ဦး (၃၆ နှစ်)၊ ဦးလွင်မျိုးသန်း(၄၁နှစ်)၊ ဦးမင်းမြတ်ကျော် (၄၄နှစ်)ရို့ ဖြစ်ကတ်သည်။
သူရို့အားလုံးကို ဒေနိ နိခင်း ၁ နာရီအချိန်ခန့်၌ ဘူးသီးတောင်မြို့ အမှတ်(၃)ရပ်ကွက်ဟိ ဘော်တလ်ယူနိုက်တက်စားသောက်ဆိုင်၌ ဟိနီစဉ် ဘူးသီးတောင်အခြီစိုက် စစ်ကောင်စီတပ် အမှတ်(၁)အခြီချစစ်ဗျူ ဟာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့်ကစစ်ကား(၂)စီး ဖြင့် လာရောက်ဖမ်းဆီးလားခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသူများထဲမှ ဘူးသီးတောင်မြို့၊ အမှတ်(၃)ရပ်ကွက်၌ နီထိုင်သူ ဦးမင်းမြတ်ကျော်၏ နီအိမ်ကိုလေ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တနာရီကြာဝင်ရောက်မွှီနှောက်ရှာဖွီမှုများပြုလုပ်ခပြီး၊ ဦးမင်းမြတ်ကျော် ပိုင်ဆိုင်သော မှန်လုံကား(၂)စီးကို မောင်းနှင်ယူဆောင်လားခသည်။
ယင်းအထဲမှ ကျေးလက်ဌာနဝန်ထမ်းဦးဇော်မျိုးသူကို နောက်ပိုင်း ပြန်လည်လွှတ်ပီးလိုက်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခသည့်အောက်တိုဘာ ၂၃ ရက်နိကလေ့ ဘူးသီးတောင်မြို့မစျီးမှ ဌာနဆိုင်ရာဝန်ထမ်းအပါအဝင် အပြစ်မဲ့ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးလားခသိမ့်သည်။
စစ်ကောင်စီသည် ရက္ခိုင်ပြည် မြို့နယ် အသီးသီး၌ ရပ်ရွာအုပ်ချုပ်ရီးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတသမားများ၊ ဆရာတော်သံဃာတော်များအ ပါအဝင်အပြစ်မဲ့အရပ်သားပြည်သူများကိုမတရား ဖမ်းဆီး၍ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုလျက် ဟိကြောင်းသိရသည်။