APM၊ နိုဗမ်ဘာ ၁၁/၂၀၂၂
ကျောက်တော်မြို့နယ်တွင် ဒေနိ(နိုဗမ်ဘာ ၁၁ရက်နိ) ၌ ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ် စကခ (၉) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှကြောင့် အသက် ၇ နှစ်အရွယ်အချေ နှစ် ယောက်အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရလားကြောင်း သတင်းရဟိသည်။
ဒဏ်ရာရလားသူများမှာ ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ရွာမှ မခိုင်ဇင်ဖြိုး(၇နှစ်)၊ မလှလှကျော့ (၇ နှစ်)၊ဒေါ်ခိုင်စောဝေ(၃၅နှစ်)၊ ဒေါ် ဦးမြအေး(၇၁နှစ်) ၊ဒေါ်မအေးသောင်း(၂၆ နှစ်)၊ ဦးလှမဲအောင်(၇၆နှစ်) နန့်ရွှေပြည်သစ်ရွာသို့အလည်ရောက်နီသည့် မသန်းစိုး(၁၈နှစ်) ရို့ဖြစ်ကတ်သည်။
ရွှေပြည်သစ်ရွာအပါအဝင် အနီးအနားကျေးရွားကို ဒေနိ နိခင်း ၁၂ နာရီ ၄၀မိနစ်ခန့်မှစ၍ ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ် စကခ (၉)က လက်နက် ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခခြင်း ဖြစ်ပြီး ယင်းလက်နက်ကြီးကျည်သည် ရွှေပြည်သစ်ရွာထဲသို့ ၃ လုံးကျရောက်ပေါက်ကွဲခသည်။
ယင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့်မခိုင်ဇင်ဖြိုး၊ မလှလှကျော့၊ ဒေါ်ခိုင်စောဝေ၊ ဒေါ် ဦးမျှအေး၊ ဒေါ်မအေးသောင်း၊ ဦးလှမဲအောင်နန့် မမသန်းစိုး ရို့၏ ဦးဂေါင်း၊ခြီထောက် နန့် ခန္ဓာ ကိုယ်အနှံ့တွင်ကျည်စထိမှန် ဒဏ်ရာရလားကြောင်း သိရသည်။
ကုန်ခသည့် နိုဗမ်ဘာ ၄ ရက်နိကလေ့ ရွှေပြည်သစ်ရွာကိုကျောက်တော်အခြီစိုက် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခသည့်အတွက် အသက် ၈၀ကျော်အရွယ် အဖိုး အို တယောက်နန့် အသက် ၈ နှစ်အရွယ်အချေတယောက်သီဆုံးလားကာ နောက်ထပ်အပြစ်မဲ့ပြည်သူ ၅ ယောက်ထက်မနည်း ဒဏ်ရာရလားခသိမ့်သည်။
လက်ဟိအချိန်ထိလေ့ ယင်းကျောက်တော်အခြီစိုက် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နီ ဆဲ ဖြစ်ပြီး ရွှေပြည်သစ်ရွာအပါအဝင် လူနီရပ်ရွာများအနားတွင် ကျရောက်က်ပေါက်ကွဲလျက်ဟိနီကာ ဒဏ်ရာရသူများလေ့ ဟိနိုင်သိမ့်ကြောင်း သိဟိရပါသည်။