APM၊ နိုဗမ်ဘာ ၁၁/၂၀၂၂
ပုဏ္ဏားကျွန်းမြို့နယ်တွင်ဒေနိ(နိုဗမ်ဘာ ၁၁ ရက်နိ) ၌ လေ့စစ်ကောင်စီတပ်၏လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ ယောက်သီဆုံးလားကြောင်း သိရသည်။
သီဆုံးလားသူမှာ ဒီပါရုံရွာမှ ဦးအေးစောသိန်း (၄၁ နှစ်)နန့် ဦးကျားချေ (၆၃ နှစ်)ဖြစ်သည်။
သူရို့နှစ်ယောက်သည် သားအဖဖြစ်ကတ်ပြီး ဒေနိ မိုးထ ၉ နာရီခန့်တွင် ဒီပါရုံရွာ အရှိဖက် ကျောက်ဝေတောင်အောက်မှ နွားလွှတ်၍ပြန်လာချိန် စစ်တွေအခြီစိုက်စစ်ကောင်စီတပ် ခမရ (၃၄၄) တပ်ရင်းမှ ပစ် ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲထိမှန်ခခြင်းဖြစ်ပါသည်။
ယင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သားဖြစ်သူ ဦးအေးစောသိန်းတွင် ဘေးစ၌ လက်နက်ကြီးကျည်ထိမှန်၍ နီရာမှာပင်ပွဲချင်းပြီးသီဆုံးလားပြီး၊ အဖဖြစ်သူ ဦးကျားချေမှာ ခြီထောက်တွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရလား၍ အလယ်ချောင်းဆီးရုံသို့ပို့ဆောင်စဉ် လမ်းမှာ သီဆုံးလားခကြောင်းသိရသည်။
ကုန်ခသည့် နိုဗမ်ဘာ ၁၀ ရက်ကလေ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ ကျေးရွာများကို ပုဏ္ဏားကျွန်းအခြီစိုက် စစ်ကောင်စီတပ်ခမရ(၅၅၀)တပ်ရင်း စစ်တွေအခြီစိုက်ခမရ(၃၄၄)တပ်ရင်းအပါအဝင် စစ်ကောင် စီ တပ်ရင်း တပ်ဖွဲ့များမှ လက်နက်ကြီးများ၊ ဒရုန်းများ၊ စစ်ရဟတ်ယာဉ်များဖြင့် မဆက်မပြတ် ပစ် ခတ်တိုက်ခိုက်မှုကြောင့် အိုင်ဒင်ရွာ ၊ ငှက်ကြီးကျွန်းနန့် ကျွဲထိုးရွာရို့မှ အပြစ်မဲ့ဒေသခံအရပ်သားပြည်သူ ၅ ယောက်ထိခိုက်ဒဏ်ရာရ လားခသိမ့်သည်။
လက်ဟိတွင်ပုဏ္ဏားကျွန်းမြို့နယ်၌ စစ်ကောင်စီတပ် ၏ လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နိုဗမ်ဘာ ၁၀ ရက်နန့် ၁၁ ရက် ၂ ရက်အတွင်း ထိခိုက်ဒဏ်ရာရလားသည့် အပြစ်မဲ့ပြည်သူ ၅ ယောက်အထိဟိလာနီပြီးသီဆုံသူ ၂ယောက်အထိဟိလာနီကာ၊ ဆက်လက် ၍လေ့ စစ်ကောင်စီတပ်မှ တရစပ် ပစ်ခတ်လျက်ဟိကြောင်း သိရသည်။