APM ၊ မေ ၂၂ / ၂၀၂၃
ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချထားရီး ကော်မတီ(Cyclone Mocha ERRCA) ၏ မြို့နယ်အလိုက်တာဝန်ပီးအပ်ခံထားရသူများ နာမည်၊ ဖုန်းနံပါတ်နန့် Telegram နံပါတ်များကို ဒေနိ( မေ ၂၂ ရက်နိ) တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ မြို့နယ်တခုချင်းစီကို နယ်မြီအလိုက် Center အသီးသီးခွဲခြားထားပြီး၊ မြောက်ဦးမြို့နယ်တွင် Center ၅ ခု ၊ ရသေ့တောင်မြို့နယ်တွင် Center ၅ ခု ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် Center ၂ ခု နန့် ကျောက်တော် မြို့နယ်တွင် Center ၁ ခု ပါဝင်ပြီး Center ၁ ခုစီတွင် လူ ၂ ဦး၊ ၃ ဦး ဖြင့် အသီးသီးတာဝန်ပီးအပ်ထားသည်ကိုတွိရသည်။
အလားတူ ULA ဦးဆောင်သည့် လူသားချင်းစာနာထောက်ထားရီးနန့် ဖွံဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး HDCO ကလေ့ ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည် နီရာချထားရီးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဆက်သွယ်နိုင်သည့် HDCO ၏ မြို့နယ်အလိုက် ဖုန်းနံပါတ်များကို ဒေနိတွင် အသိပီးထုတ်ပြန်ထားသည်။
ယင်းအပြင် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသောအားဖြင့် မိမိရို့တတ်နိုင်သရွိ့ တတပ်တအား ပါဝင်လှူဒါန်း ကူညီပီးကတ်ရန်နန့် အဆိုပါမြို့နယ်အလိုက် အရေးပေါ်ကော်မတီ၏ တာဝန်ဟိသူများမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလေ့ HDCO ၏ ထုတ်ပြန်ချက်တွင် အသိပီးနှိုးဆော်ထားသည်ကို တွိဟိရပါသည်။