APM၊ ဒီဇမ်ဘာ ၁၁ /၂၀၂၄
မောင်တောမြို့၊ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၅)ကို ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဘူးသီးတောင်အခြီစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၅) စစ်ဆင်ရီးကွပ်ကဲမှု ဌာနချုပ်(စကခ- ၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် အရာဟိ၊ အကြပ်၊ စစ်သည် အမြောက်အပြားကို ဖမ်းဆီးရမိခကြောင်း အာရက္ခတပ်တော် AA က ဒီဇမ်ဘာ ၁၀ ရက်နိမာ သတင်းထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “ဤထိုးစစ်အတွင်းဘူးသီးတောင်မြို့၊အမှတ် (၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊အကြပ်၊စစ်သည်အမြောက်အမြားကို သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခသည် ” လို့ဖော်ပြထားပါရေ။
ယင်းနည်းတူ RSO၊ARSA၊ ARA နန့်အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက သင်တန်းပီးထားရေ အစ္စလာမ်မစ် အစွန်းရောက် စစ်သွီးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်တိကိုလည်း ဖမ်းဆီးရမိခရေလို့ ဆိုပါရေ။
နခခ (၅) စခန်းသိမ်း တိုက်ပွဲအတွင်းမာတော့ မှတ်တမ်းနန့် သိမ်းဆည်းရမိရေ အလောင်းစာရင်းအရ စစ်ကောင်စီနန့် RSO၊ ARSA၊ ARA နန့် စစ်ကောင်စီက အကြမ်းဖက်သင်တန်းပီးထားရေ အစ္စလာမ်မစ် အစွန်းရောက် စစ်သွီးကြွ လက်နက်ကိုင်တိအပါအဝင် ရန်သူ (၄၅၀) ထက်မနည်း သီဆုံးခရေလို့ သိရပါရေ။
ယင်းအပြင် ယင်းနခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်းက လက်နက်ခဲယမ်းတိနန့် စစ်အသုံးအဆောင်ပစ္စည်းတိကိုလည်း သိမ်းဆည်းရမိခကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။