APM ၊ စပ်တမ်ဘာ ၁၁ /၂၀၂၃
ကုန်ခရေ ဂျုန်နဝါရီလကစလို့ စပ်တမ်ဘာ ၈ ရက်နိအထိ ရက္ခိုင်ပြည်က လူပေါင်း ၁၄၄၉ ယောက်သွီးလွန်တုပ်ကွေး ဖြစ် ပွားခ ရေလို့ စစ်ကောင်စီ၏ ကျန်းမာရီးဌာနက ဆိုပါရေ။
သွီးလွန် တုပ်ကွေးရောဂါဖြစ်ပွားစွာကတော့ စစ်တွေ ၃၅၇ ယောက်၊ကျောက်ဖြူက၂၅၀ ယောက်၊ တောင်ကုတ် ၁၇၂ ယောက်၊ ပေါက်တော ၉၈ ယောက်၊ ပုဏ္ဏားကျွန်း ၇၅ ယောက်၊ ကျောက်တော် ၅၉ ယောက်၊ မြောက်ဦး ၄၄ယောက်၊ မင်းပြား ၆၆ ယောက်၊ မြေပုံ ၁၈ ယောက်၊ ရသေ့တောင်၂၆ ယောက်၊ ဘူးသီးတောင် ၈၉ ယောက်၊ မောင်တော ၃၅ ယောက်၊ ရမ်းဗြဲ ၂၃ ယောက်၊မာန်အောင် ၃၀ ယောက်၊ အမ်း ၂၁ ယောက်၊ သံတွဲ ၆၇ ယောက်နန့် ဂွက ၁၉ ယောက် ဖြစ်ကတ်ပါရေ။
သွီးလွန်တုပ်ကွေးဖြစ်ပွားမှုစွာ စစ်တွေကအများဆုံးဖြစ်ပြီးကေ ကုန်ခရေ ဩဂတ်စ်လကလည်း စစ်တွေမြို့နယ်က အချေတယောက် သွီးလွန်တုပ်ကွေးရောဂါနန့် သီဆုံးခရရေလို့ ဆိုပါရေ။
Mocha ဆိုင်ကလုန်း မုန်တိုင်းတိုက်ပြီးနောက်ပိုင်းရက္ခိုင်ပြည်သွီးလွန်တုပ်ကွေး ဖြစ်ပွားမှု သိသိသာသာများ ပြားလာခြင်းဖြစ်ပါရေ။
သွီးလွန်တုပ်ကွေးရောဂါစွာ အများအားဖြင့် ခြင်က တဆင့် ကူးစပ်ပြန့်ပွားလာစွာဖြစ်ပြီးကေ အချေသူငယ်တိအကြား အဖြစ်များပနာ နောက်ပိုင်းလူကြီးတိကိုပါကူးစက်ဖြစ်ပွားလာစွာပါ။
ပြီးခရေ ၂၀၂၂ ခုနှစ်ကလည်း ရက္ခိုင်ပြည် သွီးလွန်တုပ်ကွေးဖြစ်ပွားရေလူ ၂,၃၀၆ ယောက် ဟိခပြီးကေ ယင်းအထဲက သီဆုံးလူ ၅ ယောက်အထိ ဟိခရေလို့ သိဟိရပါရေ။