APM ၊ စပ်တမ်ဘာ ၁၁ / ၂၀၂၃
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)အနီနန့် ဆော်ဒီအာရေးဗီးယားပရိုလိဂ်သို့ပြောင်းရွှိနီကတ်တေ ကဇတ်သမား အပြောင်းအရွှိတိကို ထိန်းချုပ်သင့်ရေလို့မန်စီးတီးနန့် စပိန် ကွင်းလယ်ကဇတ်သမား ရိုဒရီ က အကြံပြုလိုက်ပါရေ။
၂၀၂၂ ခုနှစ်က ဆော်ဒီလိဂ် သို့ ရော်နယ်ဒို ပြောင်းလားပြီးနောက်ပိုင်း တခြားနာမည်ကြီးကဇတ်သမားတိဖြစ်တေ ဘန်ဇီမာ၊ ကန်တီ၊ ဟန်ဒါဆင်၊ နေမာ၊ မာနေး၊ ဖာမီနို၊ ရူဘင်နီဗက်စ်၊ မီထရိုဗစ်၊ အယ်လန်စိန့်မက်ဇင်မင်း၊ ဆီကို ဖော်ဖာနာ၊ ဆာဗခ်၊ မယ်လ်ကွန်၊ အိုတာဗီယို နန့် အသက် ၂၁ နှစ်အရွယ် ဗယ်ကာ ရို့ပါ ပြောင်းရွှိလားကတ်စွာဖြစ်ပါရေ။
ယင်းပိုင် ဥရောပထိပ်တန်းကဇတ်သမားတိ ဆော်ဒီလိဂ် နန့် တခြားကလပ်အသင်းတိ သို့ ပြောင်းရွှိမှု နန့် ပတ်သက်လို့ ရိုဒရီ က “UEFAစွာ ဒေအခြေအနီတိကို ကိုင်တွယ်ဖို့ပျက်ကွက်နီပါရေ။ အရည်အချင်းဟိရေကဇတ်သမားတိ ဥရောပက မထွက် လားရအောင် တနည်းနည်းနန့် လုပ်ရဖို့လို့ ကျနော်မြင်ပါရေ။ ဆော်ဒီလိဂ်သို့ ပြောင်းလားရေကဇတ်သမားတိထဲမာ ဝါရင့် ကဇတ်သမားတိလို့ ဆိုကေလေ့ အသက်အငယ်ချေ ကဇတ်သမားတိလည်း မြင်တွိရပါရေ။ သူရို့ပြောင်းလားစွာက ငွေကြေးကြောင့်လည်းဖြစ်နိုင်ပါရေ လို့ ပြောဆိုပါရေ။
ဆော်ဒီပရိုလိဂ်စွာ ကဇတ်သမားအပြောင်းအရွှိ အသုံးစရိတ် ယူရို ၉၅၄ သန်း (ဒေါ်လာ ၁ ဘီလီယံ) သုံးစွဲခကြောင်း Transfermarkt ဒေတာဝက်ဘ်ဆိုက်၏ဖော်ပြချက်အရ သိဟိရပါရေ။
Source- Rodri urges football authorities to ‘control’ transfers to Saudi Pro League/90min
Photo-Getty Images