
APM၊ စပ်တမ်ဘာ ၁၁ / ၂၀၂၃
ကုန်ခရေ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝန်း ပညာရီးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး သုံးနိုင်မာ မြန်မာပြည်ပါဝင်နီကြောင်း နိုင်ငံတကာ ပညာရီးကဏ္ဍတိုက်ခိုက်မှုကာကွယ်ရီးအဖွဲ့ (GCPEA)၏ နောက်ဆုံးထုတ်ပြန်ချက်က ဖော်ပြထားပါရေ။
၂၀၂၂ ခုနှစ်မာ ကမ္ဘာတဝန်း ပညာရီးကဏ္ဍတိုက်ခိုက်ခံရမှုပေါင်း ၃,၀၀၀ ကျော်ဟိခပြီးကေ ယင်းအထဲက သုံးပုံတပုံစွာ ယူကရိန်း၊ မြန်မာနန့် ဘာကီနာဖာဆိုရို့မာ ဖြစ်ခစွာလို့ စပ်တမ်ဘာ ၉ ရက် နိုင်ငံတကာ ပညာရီးကာကွယ်နိက ထုတ်ပြန်ခ စွာဖြစ်ပါရေ။
၂၀၂၂ ခုနှစ်အတွင်း ကျောင်းသားနန့် ဆရာစုစုပေါင်း ၆၇၀၀ ကျော် ဖမ်းဆီးသတ်ဖြတ်မှု၊ ဖမ်းဆီးခေါ်ဆောင်ခံရမှုနန့် ထိခိုက် ဒဏ်ရာရမှုတိ ဟိခပြီးကေ ယင်းအရေအတွက်စွာ ၂၀၂၁ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်းတိုးလာရေလို့ ဆိုပါရေ။
အစိုးရကိုဆန့်ကျင်ရေ လက်နက်ကိုင်အဖွဲ့တိက စာသင်ကျောင်းတိကို စစ်ရီးအတွက် အသုံးပြုခရေ ဖြစ်ရပ်ပေါင်း ၅၁၀ ကျော်ရေလို့ ထုတ်ပြန်ချက်မှာ ပါဟိပါရေ။
ယင်းပိုင်တိုက်ခိုက်မှုတိအတွင်း ဖောက်ခွဲရီးလက်နက်တိကို အသုံးပြုရေအတွက် ပျက်စီးဆုံးယှုံးမှု အများအပြား ဖြစ်စီခ ပြီးကေ မပေါက်ကွဲဘဲကျန်နီရေ လက်နက်တိလည်း နောက်နှစ်ပေါင်းများစွာအထိ လူတိကို သီဆုံးဒဏ်ရာရနိုင်ရေလို့ ဖော်ပြထားပါရေ။
ကမ္ဘာတဝန်း ၂၀၁၇ ခုနှစ်က ၂၀၂၂ ခုနှစ်အတွင်း ပညာရီးအဆောက်အအုံ တိုက်ခိုက်မှုပေါင်း ၁၄,၅၀၀ ကျော်ဟိပြီးကေ ယင်းတိုက်ခိုက်မှုတိအတွင်း သီဆုံး၊ ထိခိုက်ဒဏ်ရာရ ပညာရီးဝန်ထမ်း၊ကျောင်းဆရာနန့် ကျောင်းသားပေါင်း ၂၈,၀၀၀ ကျော် ဟိကြောင်း GCPEA အဖွဲ့၏ ထုတ်ပြန်ချက်အရ သိဟိရပါရေ။
Source – Alarming Increase in Attacks on Education Worldwide
Photo – ဒီပဲယင်းမြို့နယ် စစ်ယှောင်ထောက်ပံ့ရီးအဖွဲ့


