APM၊ စပ်တမ်ဘာ ၁၁/၂၀၂၂
စပ်တမ်ဘာ ၁၀ ရက်နိ၌ ကျောက်ဖြူ အခြီစိုက် စစ်ကောင်စီတပ် ခလရ(၃၄)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ ဝင်များပူးပေါင်း၍ ကျောက်ဖြူမြို့၊ ကလဘာတောင်ရပ်ကွက် နန့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ လူနီအိမ်တချို့ကို စီးနင်းဝင်ရောက် ကာ အပြစ်မဲ့အရပ်သားပြည်သူ ၃ ယောက်ကို မတရားဖမ်းဆီးခေါ် ဆောင်လားပြန်ကြောင်း သိရသည်။
အဖမ်းခံရသူ ၃ ယောက်မှာ ကျောက်ဖြူမြို့ ကလဘာတောင်ရပ်ကွက်မှ ကိုဝင်းအောင်(၂၉နှစ်)၊ ဦးတင်ညွန့်(၄၃နှစ်)နန့် ရခိုင်ပိုက် ဆိပ်ရပ်ကွက်(ဆားပြင်ကွင်း) မှ ဦးစိုးဝင်းနိုင် (ခ) ဘက်ကာဒေါင်း(၃၁နှစ်) ရို့ဖြစ်သည်။
စပ်တမ်ဘာ ၁၀ ရက်နိမိုးထ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၄၀ ခန့်သည် ကလဘာ တောင်ရပ်ကွက်အတွင်းသို့ စစ်ကား ၂ စီးဖြင့် ဝင်ရောက်လာပြီး ကိုဝင်းအောင်၏ နီအိမ်ကို အတင်းအဓမ္မ စီးနင်းဝင်ရောက်ကာ ကိုဝင်းအောင်အား ဖမ်းဆီးခေါ်ဆောင်လားခသည်။
ယင်းနောက် အဆိုပါ စစ်ကောင်စီတပ်နန့် ရဲတပ်ဖွဲ့ဝင်များသည် ကလဘာတောင်ရပ်ကွက်မှ ထွက်ခွာ၍ ရခိုင်ပိုက်ဆိပ် ရပ်ကွက် (ဆားပြင်ကွင်း)သို့လားရောက်ကာ လူနီအိမ်တချို့ကိုဝိုင်ဝန်းရှာဖွီမှုများပြုလုပ်ခပြီး ယင်းရပ်ကွက်မှဦးစိုးဝင်းနိုင်အား ဖမ်းဆီး ရိုက် နှက် ခေါ်ဆောင်လားခပြန်သည်။
ယင်းအပြင် ကိုဝင်းအောင် စပ်တမ်ဘာ ၁၀ ရက်နိ ညဇာ ၃ နာရီခန့်တွင် ကျောက်ဖြူလီယာဉ်ကွင်းအနားဟိ ကျောက်ခွဲစက်ရုံ၌ အလုပ်လုပ်နီသည့် ဦးတင်ညွန့်အား အရပ်ဝတ်ဝတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ငန်းခွင်ထဲထိ ဝင်ရောက်ကာ ထပ်ဖမ်းလားခပြန်ပါသည်။
အဆိုပါစစ်ကောင်စီတပ်သည် ကုန်ခသည့် စပ်တမ်ဘာ ၇ ရက်နိကလေ့ စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်(၂၉နှစ်)၊ အစိုးရရပ် ကွက်မှ ဆလိုင်းကိုအေး (ခ) ကစိ (၄၃နှစ်) နန့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးဦးဘသန်း (၄၂နှစ်) ရို့ ၃ ယောက်ကို ဖမ်းယူလားခ သိမ့်သည်။
လက်ဟိတွင် ကျောက်ဖြူ၌ ၃ ရက်အတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ ၆ ယောက်အထိဟိလာနီပြီး သူရို့အားလုံးကို ခလရ(၃၄)တပ်ရင်း၌ ထိန်းသိမ်းထားကာ လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက်စစ်ဆီးနီကြောင်း သတင်းရဟိပါသည်။
(Zawgyi)
ကျောက်ဖြူမှ အပြစ်မဲ့ပြည်သူ ၃ယောက်ကို စစ်ကောင်စီ ထပ်ဖမ်းပြန်၊ ၃ ရက်အတွင်း ကျောက်ဖြူမှအဖမ်းခံရသူ ၆ ယောက်အထိ ဟိလာ
APM၊ စပ်တမ်ဘာ ၁၁/၂၀၂၂