APM၊ စပ်တမ်ဘာ ၁၁/၂၀၂၂
မင်းပြားမြို့နယ်တွင် စပ်တမ်ဘာ ၁၁ ရက်နိ မိုးထ ၉ နာရီခန့်က စစ်ကောင်စီတပ် ထောင်ထားသောမိုင်းကို တက်နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ တယောက် ညာဖက်ခြီထောက် ပြတ်ထွက်လားခကြောင်း သိရသည်။
ဒဏ်ရာရလားခသူမှာ မင်းပြားမြို့နယ်၊ သမင်ခရာ(အိမ်ရှိမင်း)ရွာမှ ဦးမောင်အေးစိန်(၄၈နှစ်)ဖြစ်ပြီး၊ ရွာ၏ အနောက်ဘက် င/တန်ပျင်းချောင်းတဖက်ကမ်းတွင် ကဏန်းထောင်လားရာမှ စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းကို နင်းမိခြင်းဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဦးမောင်အေးစိန် ၏ ညာဖက်ခြီထောက် နီရာ၌ပင် ပြတ်ထွက်လားသည့်အပြင် ဘယ်ဖက်ခြီ ထောက်မှာလေ့ ပြင်းပြင်းထန်ထန်ဒဏ်ရာရလားခပြီး မင်းပြားမြို့မဆီးရုံကြီး၌ ဆီးကုသမှုခံယူနီကြောင်း သိရသည်။
ဦးမောင်အေးစိန် မိုင်းနင်းမိခသည့် နီရာအနားတွင် မင်းပြားအခြီစိုက် စစ်ကောင်စီတပ် ခမရ (၃၇၉)နန့် ခမရ(၅၄၁)တပ်ရင်းများ တပ်စွဲနီထိုင်လျက်ဟိပြီး၊တပ်စခန်းအနားပတ်ဝန်းကျင်၌မိုင်းကွင်းများပြုလုပ်၍ မြီမြှုပ်မိုင်းများထောင်ထားသည်ဟုသိရသည်။
ကုန်ခသည့် ဂျူလိုင် ၃ ရက်နိကလေ့ မင်းပြားအခြီစိုက် စစ်ကောင်စီတပ် တိုင်းဗဟို(၉) အနားတွင် မိုင်းတလုံးပေါက်ကွဲ၍ ဒေသခံ ချင်းလူငယ်တယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာ ရလားခသိမ့်သည်။
ယင်းနည်းတူရက္ခိုင်ပြည်အတွင်း မင်းပြားအပါအဝင် မြို့နယ်များ၌ မိုင်းပေါက်ကွဲမှုများ မကြာမကြာ ဖြစ်ပေါ် လျက်ဟိပြီး လယ် သမားများပိုင်ဆိုင်သည့် ကျွဲ၊ နွားသီဆုံးမှုများ၊အရပ်သားများ၏ကိုယ်လက်အင်္ဂါ၊ အသက် ဆုံးယှုံးမှုများ ဆက်တိုက် ဖြစ်ပေါ် လျက်ဟိသည်။
မိုင်းပေါက်ကွဲမှုများသည် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များနန့်နီးစပ်သည့်နီရာများ၊ စစ်ကောင်စီတပ် တပ်စွဲနီထိုင်ခသည့် နီရာများ နန့် အယင်က တိုက်ပွဲဖြစ်ပွားခသည့် နီရာများ၌ ပေါက်ကွဲနီခြင်းဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကလေ့ “ပြည်သူများအနီနန့်မိုင်းအန္တရာယ်ကြောင့် ကိုယ်လက် အင်္ဂါဆုံး ယှုံးခြင်းနန့် အသက်အန္တရာယ်ဆုံးယှုံးခြင်းများ မဖြစ်စီရန် စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့များနန့် နီးစပ်သော နီရာများ၊ တိုက်ပွဲဖြစ် ပွားခသည့် နီရာများနန့် အယင်က စစ်ကောင်စီတပ်ဖွဲ့စခန်းချနီထိုင်ခသောနီရာများသို့ လုံးဝမလားလာကတ်ရန်” အကြိမ်ကြိမ် သတိပီး တိုက်တွန်းထားပါသည်။
(Zawgyi)
မင်းပြားတွင် စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းကြောင့် ဒေသခံတယောက် ညာဖက်ခြီထောက် ပြတ်ထွက်
APM၊ စပ်တမ်ဘာ ၁၁/၂၀၂၂
