တခြားနိုင်ငံများက စစ်ရီးအရ ဝင်ရောက်စွက်ဖက်လာလျှင် သမ္မတကို သတ်ပစ်မည်ဟု နိုင်ဂျာစစ်အစိုးရ သတိပီးခြိမ်းခြောက်
APM၊ ဩဂတ်စ် ၁၁/ ၂၀၂၃
စစ်အာဏာသိမ်းထားသည့် နိုင်ဂျာနိုင်ငံကို တခြားနိုင်ငံများက စစ်ရီးအရ ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းပါက ရာထူးမှ ဖယ်ယှား ခံထားရသည့် နိုင်ဂျာသမ္မတ မိုဟာမက် ဘဇိုမ်ကို သတ်ပစ်မည်ဟု နိုင်ဂျာစစ်အစိုးရက သတိပီး ခြိမ်းခြောက်လိုက်သည်။
ဒေဂုအပတ်အတွင်း စစ်အစိုးရ၏ ကိုယ်စားလှယ်များ လာရောက်လည်ပတ်စဉ် အမေရိကန် လက်ထောက် နိုင်ငံခြားရီးဝန်ကြီး ဗစ်တိုးရီးယား နူလန်းအား ယင်းကဲ့သို့ ခြိမ်းခြောက်စကား ပြောကြားခခြင်းဖြစ်ကြောင်း အေပီသတင်းတရပ် တွင် ဖော်ပြသည်။
အမည်မဖော်လိုသည့် အမေရိကန်အရာဟိတယောက်ကလေ့ အဆိုပါခြိမ်းခြောက်မှုသည် မှန်ကန်ကြောင်း အတည်ပြု ပြောကြားပြီး ၎င်းရို့သည် မီဒီယာကို ပြောဆိုခွင့်မဟိကြောင်း ပြောဆိုထားသည်။
အာဏာသိမ်းစစ်တပ်အနီနန့် သမ္မတ မိုဟာမက်ဘဇိုမ်ကို ပြန်လွှတ်ပီးပြီး အာဏာကို ပြန်လည်အပ်နှင်းရန် အနောက်အာဖရိက နိုင်ငံများအဖွဲ့ (ECOWAS) က တပတ်အချိန်ပီးခသည်။
ယင်းသို့အချိန်ပီးခသည်မှာ တပတ်ပြည့်သည့် ဩဂတ်စ် ၆ရက်နိတွင် ECOWAS အဖွဲ့က နိုင်ဂျာ၌ ဒီမိုကရေစီပြန်လည်ရယူမည့် တပ်ဖွဲ့ချထားရန် ညွှန်ကြားထားသည်ဟု ပြောကြားခရာ နိုင်ဂျာစစ်အစိုးရ၏ တုံ့ပြန်ခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရာထူးမှဖယ်ယှားခံထားရသည့် သမ္မတ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လိုက်ခြင်းသည် ECOWAS အဖွဲ့နန့် နိုင်ဂျာစစ်အစိုးရအကြား အာဏာပြိုင်ဆိုင်မှု တိုးလာပြီး ဂျူလိုင် ၂၆ရက်နိ အာဏာသိမ်းပြီးနောက် အပြင်းထန်ဆုံး ခြိမ်းခြောက် မှုဖြစ်သည်။
အာဖရိကရီးရာ အထူးပြုနန့် မဟာဗျူဟာတည်ငြိမ်ရီး အကြံပီးအဖွဲ့၏ ဒါရိုက်တာ Aneliese Bernard က နိုင်ဂျာစစ်အစိုးရသည် ဒေဂုထက်ပို၍ အစွန်းရောက်ခြေဟိပြီး နှစ်ဖက်တင်းမာမှု၊ ခြိမ်းခြောက်မှု တိုးလာကြောင်း ပြောဆိုသည်။
အဖွဲ့ဝင်နိုင်ငံ ၁၅နိုင်ငံပါသည့် ECOWAS အဖွဲ့မှ ဂေါင်းဆောင် ၉ နိုင်ငံသည် နိုင်ဂျီးရီးယားနိုင်ငံမြို့တော် အဘူဂျာမြို့တွင် ဩဂတ်စ် ၁၀ ရက်နိက နိုင်ဂျာအရေးနန့်ပတ်သက်၍ ဆွေးနွေးခကတ်ကြောင်းလေ့ သိဟိရသည်။
Source – Niger junta warned theyd kill deposed president after any military intervention
Photo – AP