
APM၊ ဩဂတ်စ် ၁၁ /၂၀၂၃
မိုးပြင်းထန်စွာရွာသွန်းမှုနန့်အတူ မြစ်/ချောင်းရီမြင့်တက်မှုကြောင့် သောက်သုံးရီကန်များပျက်စီးခရသည့် ရက္ခိုင်ပြည်မြို့နယ်တချို့က ကျေးရွာတချို့တွင် လက်ဟိ သောက်သုံးရီအခက်ကြုံနီရကြောင်းသိရသည်။
ရက္ခိုင်တွင် ဂျူလိုင် ၃၁ ရက်နိမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုနန့်အတူ တောင်ကျရီများကြောင့် မြစ်၊ချောင်းရီများမြင့်တက်ကာ ရီကြီးမှုများဖြစ်ပွားခရသည်။
ယင်းရီကြီးမှုကြောင့် မင်းပြားမြိုနယ်မှ ရီကန် ၅၀ ၊မြောက်ဦးမြိုနယ်မှ ရီကန်၂၀ ၊ ကျောက်တော်မြိုနယ်ကရီကန် ၂၂ ကန် နန့် ဘူးသီးတောင်၊ မောင်တောမြို့နယ်ရို့မှ ရီကန်တချို့အပါအဝင်သောက်သုံးရီကန်ပေါင်း ရာချီ၍ မြစ်ချောင်းရီဝင်ကာ ပျက်စီးခရသည်။
လက်ဟိ အဆိုပါကျေးရွာများမှ ဒေသခံများမှာ တောင်ကျရီများနန့် မိုးရီကိုရာ သောက်သုံးနီကတ်ပြီး အချိန်ကြာလာသည်နန့်အမျှ ဝမ်းရောဂါဖြစ်မည် စိုးရိမ်နီကတ်ရသည်။
တချို့မှာ ယင်းပျက်စီးလားသည့် ရီကန်များမှ မသန့်ယှင်းသည့်ရီကိုရာ သောက်သုံးနီကတ်ရပြီး တချို့မှာလေ့ ရီမမြုပ်ဘဲကျန်နီခသည့် အနီးအနားကျေးရွာများဟိရီကန်များမှ ခက်ခက်ခဲခဲ လားရောက် ခပ်ယူ သောက်သုံးနီကတ်ရသည်ဟုဆိုသည်။
ရက္ခိုင်တွင် ဂျူလိုင် ၃၁ ရက်နိမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုနန့်အတူ မြစ်ရီ၊ ချောင်းရီများ မြင့်တက်လာမှုကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်အပါအဝင် မြို့နယ်အများအပြား၌ ကျေးရွာပေါင်းရာချီ ရီနစ်မြုပ်ခရသည့်အပြင် ကျွဲ/နွား ရာချီ၍ရီထဲ မျောပါ ပျောက်ဆုံးခရပြီး လူသီဆုံးမှုများလေ့ဖြစ်ပွားခရကြောင်း သိဟိရသည်။


