
APM၊ ဩဂတ်စ် ၁၁/ ၂၀၂၃
ဩဂတ်စ် ၁၀ရက်နိက ဝင်ရောက်တိုက်ခတ်ခသည့် တိုင်ဖွန်းမုန်တိုင်း ခန်နွန်ကြောင့် တောင်ကိုရီးယားတွင် အပျက်အစီးများ ဖြစ်ပေါ်ခပြီး လူတယောက်သီဆုံးခကြောင်း သိရသည်။
မုန်တိုင်းသည် တောင်ကိုရီးယားကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက်ခပြီး အရှိဖက်နန့် တောင်ပိုင်းဒေသများတွင် မိုးရီချိန် ၁၂ လက်မမှ ၁၆ လက်မအထိ ရွာသွန်းခရာ ရီကြီးမှုနန့် မြီပြိုမှုများ ဆက်လက်ဖြစ်ပေါ်နီပြီး ဒေသတချို့တွင် ရီကြီးမှုသတိပီးချက် ထုတ်ပြန်ထားသည်။
ရီကြီးမြီပြိုမှုများနန့် မြစ်ရီများ မြင့်တက်လာသည့်အတွက် အရေးပေါ်ကယ်ဆယ်ရီးဝန်ထမ်းများသည် လူ ၁၆,၀၀၀ ကျော်ကို နီအိမ်များမှ ဖီးလွှတ်ရာသို့ ရွှိပြောင်းခရပြီး ဩဂတ်စ် ၁၀ရက်နိ၊ ညည့်ပိုင်းတွင် နီအိမ် ၄,၀၃၀၀ လျှပ်စစ်မီးပြတ် တောက်ခ သည်။
မုန်တိုင်းတိုက်နီစဉ် ဒယ်ဂူးမြို့တွင် အသက် ၆၈ နှစ်အရွယ် အမျိုးသားတယောက် ရီမြုပ်သီဆုံးခပြီး ရီစီးနန့်မျောပါလားသည့် အမျိုးသားတယောက် ပျောက်ဆုံးနီကြောင်း ဒယ်ဂူးမီးသတ်ဌာနက ဆိုသည်။
တောင်ကိုရီးယား၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဘူဆန်မြို့တွင် တမြို့လုံးအနှံ့ သစ်ပင်များလဲခြင်း၊ ခြံစည်းရိုးများ ပျက်စီးခြင်း၊ နီအိမ်များ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခပြီး ရီကြီးမှုကြောင့် ကားလမ်းများကို ပိတ်ထားရကြောင်း သိရသည်။
မုန်တိုင်းကြောင့် အနည်းဆုံး ကားလမ်းမ ၆၃ ခုနန့် နီအိမ် ၅၀ နီးပါး ပြိုကျပျက်စီးခကြောင်း တောင်ကိုရီးယားပြည်ထဲရီးနန့် လုံခြုံရီးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
လက်ဟိတွင် မိုးသည်းထန်စွာ ဆက်ရွာနီပြီး ရီကြီးမှုနန့် အပျက်အစီးများကြောင့် အဝီးဗြီးလမ်းပေါင်း ၇၀၀နီးပါးကို ပိတ်ထားပြီး လီယာဉ်ခရီးစဉ် ၄၀၀ ကျော်ကို ရပ်နားထားကာ နိုင်ငံတဝန်းဟိ စာသင်ကျောင်း ၁၆၀၀ နီးပါးကို ပိတ်ထားရကြောင်း လုံခြုံရီးဝန်ကြီးဌာနနန့် လီကြောင်း အာဏာပိုင်များက ဆိုသည်။
ယင်းအပြင် ရထားခရီးစဉ်များနန့် ရီကြောင်းခရီးစဉ်များကို လုံးဝဖျက်သိမ်းထားကာ ငါးဖမ်းသင်္ဘော ၆၀,၀၀၀ ကျော်ကို ဆိပ်ကမ်း များတွင် ရပ်နားထားကြောင်း သိဟိရသည်။
Source – Tropical storm weakens after leaving scattered damage in South Korea, which turns to Scout concert
Photo – AP




