APM ၊ ဩဂတ်စ် ၁၁ / ၂၀၂၃
ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း (မြီငူကျွန်း)ဘင်္ဂလားပင်လယ်အော်ကမ်းခြီတွင်တည်ဟိသည့် သမိုင်းဝင် မေးငူတော်ဓာတ်စေတီတော်၌ ဘုရားကျောင်းသင်္ခန်းများမှာ အဂုချိန်ထိ မပြုပျင်နိုင်သိမ့်ကြောင်း ဘုရားဂေါပကများက ပြောသည်။
မေ ၁၄ ရက်နိက ဝင်ရောက်တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် မေးငူတော်ဓာတ်စေတီတော်၌ ကျောင်း သင်္ခန်း ၆ ဆောင် ဟိသည့်အနက် ရဟန်းသံဃာများ နားနီဆောင်တဆောင်ရာပျက်စီးမှုနည်းပြီး ကျန်အဆောင်များမှာ အားလုံးနီးပါးပျက်စီးလားခရသည်ဟု ဆိုသည်။
မေးငူတော်ဓာတ်စေတီသည် ဝလန်းကုန်းကျေးရွာနန့် ကြံခင်းရွာကြား၌ တည်ဟိပြီး ဝလန်း၊ဝလန်းကုန်း၊ကြံခင်း၊နထိုင်းပြင်၊သစ်ပုတ်ချိုင်၊ဖောင်းခါး၊ပြင်ဘုတ်နန့် ကြွီပြင်စသည့် အနီးဝန်းကျင် ကျေးရွာသူ/ရွာသားများက ကျွန်းပေါ်ဟိ ရွာများမှ ကောက်ခံရဟိသည့် အလှူငွေများဖြင့် ကျောင်းသင်္ခန်းများဆောက်လုပ်ကိုးကွယ်ထားခြင်းဖြစ်သည်။
မေးငူတော်ဓာတ်စေတီကို ရက္ခိုင်ဘုရင်ပြည့်သျှင် စန္ဒသူရိယမင်းဆက်ဖြစ်သော သူရိယစက္ကမင်းလက်ထက်တွင် တည်ထားကိုးကွယ်ထားခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက စေတီတခုလုံးပြိုကျပျက်စီးလားသည်ဟု ဆိုသည်။
ယင်းနောက် နှစ်ပေါင်းတဆယ်လောက်အကြာတွင် စစ်တွေမြို့က ဆရာတော်တပါးက ဝလန်းရွာ၌ သီတင်းသုံးနီထိုင်ကာ တကာ/တကာမများနန့် အနီးအနားကျေးရွာများမှ ရွာသူ/ရွာသားများကို စည်းရုံးလျက် လက်ဟိစေတီတော်ကို တည်ဆောက်ခခြင်းဖြစ်ကြောင်း ဂေါပကလူကြီးများ၏ ပြောကြားချက်အရ သိရသည်။