APM၊ ဩဂတ်စ် ၁၁ /၂၀၂၃
ပလက်ဝတွင် ဒေရက်ပိုင်းအတွင်း မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်တချို့၌ ရီကြီး၊ မြီပြိုမှုများဖြစ်ပွားကာ လမ်းတန်းထားတချို့နန့် နီအိမ် ၂၀ ကျော်ပျက်စီးခရကြောင်းသိရသည်။
ပလက်ဝမြို့နယ်တွင် ကုန်ခသည့် ဂျူလိုင် ၂၇ ရက်နိမှစ၍ မိုးအဆက်မပြတ်ရွာသွန်းနီခြင်းဖြစ်ပြီး ပလက်ဝမြို့၊ သာယာကုန်း ရပ်ဟိ ဧဝံဂေလိအသင်းတော်ပိုင် အဆောင်ပျက်စီးခရသည့်အပြင် ဖောင်ဒေးသျှင်းနံရံလေ့ပျက်စီးခရသည်ဟု ဒေသခံများ က ပြောသည်။
ယင်းအပြင် နီအိမ် ၂၀ ကျော်မှာလေ့ မိုးကြီးကာ မြီပြိုကျမှုကြောင့် ပြိုကျပျက်စီးခရပြီး ပလက်ဝ-မတူပီကား လမ်း မိုင်တိုင်အမှတ်၊ ၁၁၂/၅ မိုင်ဟိ ကွန်ကရစ်တန်းထားချဉ်းကပ်လမ်း ၁၅ ပေလောက်မှာလေ့ ရီတိုက်စားမှုကြောင့် ပျက်စီးခရသည်ဟုဆိုသည်။
လက်ဟိတွင် နီအိမ်ပြိုကျပျက်စီးခရသည့် ဒေသခံများမှာ နီးစပ်ရာဆွေမျိုးများနီအိမ်နန့်ဘုရားကျောင်းများ၌ ယာယီခိုလှုံ နီထိုင်နီရကာ အကူညီများအရေးတကြီးလိုအပ်လျက်ဟိသည်။
ယင်းအပြင် လမ်းတန်းထားပျက်စီးမှုကြောင့်လေ့ ဒေသခံတချို့နန့် ခရီးလားပြည်သူတချို့မှာ လားလာရီးအခက်ကြုံနီရ ကတ်ရကြောင်းသိဟိရသည်။