APM ၊ ဩဂတ်စ် ၁၁/ ၂၀၂၂
စစ်ကောင်စီတပ်အနီနန့် အီးလို့မနီဘဲ ရက္ခိုင်ပြည်သူလူထုကို မတရားဆက်လုပ်နီလျှင် အာရက္ခဒေသအတွင်း တကျော့ပြန်တိုက်ပွဲ များ ကျိန်းသီပြင်းထန်လာမည် ဟု ဒေနိ(ဩဂတ်စ် ၁၁ ရက်နိ)တွင် ကျင်းပပြုလုပ်သော ရက္ခိုင်ပြည်သူ့အစိုးရ၏ စတုတ္ထအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲတွင် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက သတိပီးပြောကြားလိုက်သည်။
ဦးခိုင်သုခက ” ဒေကာလအတွင်းမှာ မြန်မာစစ်တပ်၏ လူမဆန်ရေ လုပ်ရပ်တိကြောင့် စစ်ရီးအရ ထိပ်တိုက်တွိမှုတချို့ ဟိခရေပိုင် မြန်မာစစ်တပ်အနီနန့် အီးလို့မနီဘဲ နောက်ထပ်လေ့ ဒေပိုင်ရာ ရက္ခိုင်ပြည်သူလူထုကို မတရားဆက်လုပ်နီဖို့ဆိုကေ အာရက္ခဒေသအတွင်းမှာ တကျော့ပြန်တိုက်ပွဲတိ ပြင်းပြင်းထန်ထန်ဖြစ်လာဖို့စွာက ကျိန်းသီနီပါရေ” ဟု ဆိုသည်။
ယင်းအပြင် ဘင်္ဂလား-ရက္ခိုင်နယ်စပ်နန့် ပလက်ဝဖက်တွင်လေ့ စစ်ကောင်စီတပ်က သွီးတိုးစမ်းတိုက်ပွဲများ ဆက်တိုက်လုပ်နီပြီး လက်နက်ကြီးပစ်ခတ်မှုများ အများအပြားပြုလုပ်နီကာ မြီပြင်တွင်လေ့ AA တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းများ ဟိကြောင်း ဦး ခိုင်သုခက ထည့်သွင်းပြောကြားခသည်။
ယင်းကြောင့် ရက္ခိုင်ပြည်သူလူထုအနီနန့် လက်ဟိဖြစ်ပေါ်နီသော ရက္ခိုင်ပြည်၏ စစ်ရီး၊ နိုင်ငံရီးအခြေအနေများအရ အယင်ကထက် စစ်ရီးသတိပိုဟိပြီး အထူးသတိပြုလားလာကတ်ရန် ဦးခိုင်သုခ က အလေးအနက် တိုက်တွန်းမှာကြားလားသည်။
(Zawgyi)
စစ်ကောင်စီတပ်အနီနန့် အီးလို့မနီဘဲ ရက္ခိုင်ပြည်သူလူထုကို မတရားဆက်လုပ်နီလျှင် အာရက္ခဒေသအတွင်း တကျော့ပြန်တိုက်ပွဲ များ ကျိန်းသီပြင်းထန်လာမည်ဟု ULA/AA ပြော
APM ၊ ဩဂတ်စ် ၁၁/ ၂၀၂၂
