APM ၊ ဩဂတ်စ် ၁၁/ ၂၀၂၂
စစ်ကောင်စီ၏ရခိုင်ပြည်နယ်အစိုးရအနီနန့် ပြည်သူလူထုကို ဆက်လို ဒုက္ခပီးနီပါက အရေးယူမည်ဟု ရက္ခိုင့်တပ်တော် AAက ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသား သတိပီးပြောကြားလိုက်သည်။
ဒေနိ (ဩဂတ်စ် ၁၁ ရက်နိ) ကျင်းပပြုလုပ်သော ULA/AA ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ၏ စတုတ္ထ ကြိမ်မြောက် သတင်းစားယှင်းလင်းပွဲ အဖွင့်မိန့်ခွန်းတွင် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
“စစ်ကောင်စီ၏ရခိုင်ပြည်နယ်အစိုးရထဲမှာပါရေ ဝန်ကြီးတိအနီနန့် ပြည်သူလူထု ဆန့်ကျင်ဖက် Anti-Mass လမ်းကြောင်းမှာ အာဏာပါဝါ လုပ်ပိုင်ခွင့်လမ်းကြောင်းနန့်ရာ သာယာပနာ စစ်ကောင်စီအလိုကျ ပြည်သူလူထုကို ဆက်လိုဒုက္ခပီးနီဖိုဆိုကေ အခြေအနေ၏ လိုအပ်ချက်၊ တော်လှန်ရီးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရီးလိုအပ်ချက်၊ ရက္ခိတလမ်းစဉ်နန့်အညီ လိုအပ်တေပိုင် ကိုင်တွယ်လားဖိုဆိုစွာကို အယင်ကလေ့ သတိပီးခပြီးယာ။ အခုလေ့ထပ်လို စစ်ကောင်စီလက်ကိုင်တုတ် ရခိုင်ပြည်နယ်အစိုးရကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား သတိပီးရေ”ဟု ဦးခိုင်သုခက ဆိုသည်
ယင်းအပြင် မီဒီယာများအနီနန့်လေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ မမှန်မကန်လုပ်ဆောင်ချက်များ၊ အဂတိတရားလိုက်စားမှုများကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်ရွီးသားကတ်ဖိုကိုလေ့ ဦးခိုင်သုခက ထည့်သွင်းပြောကြားလားခသည်။
(Zawgyi)
ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ်အစိုးရကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား သတိပီး
APM ၊ ဩဂတ်စ် ၁၁/ ၂၀၂၂
