APM ၊ ဂျူလိုင် ၁၁ / ၂၀၂၃
Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း အလုပ်အကိုင်ယှားပါးမှု၊ ကုန်ဈီးနှုန်းမြင့်တက်မှုများကြောင့် ရက္ခိုင်ပြည်သူများ လူမှုစီးပွားအကျပ်အတည်းကို အယင်ထက်ကြုံတွိနီရကာ အလုပ်လုပ်ကိုင်ရန်ပြည်ပထွက်ခွာသူ တရက်ထက်တရက် ပိုမို များပြားလာနီကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ရက္ခိုင်ဟိ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် နီအိမ်အများအပြားပျက်စီးခရပြီး ဒေသခံများ စားသုံးရန်သိမ်းဆည်းထားသည့် ဝမ်းစာဆန်စပါးများပျက်စီးလားခရသည့်အပြင် လက်ဟိ မုန်တိုင်းဒဏ်သင့်ပြည်သူ အများစုမှာ ကုန်ဈီးနှုန်းမြင့်တက်မှုဒဏ်ကိုပါ အလူးအလဲ ခံနီကတ်ရသည်။
ယင်းအပြင် ဒေသခံများ အဓိကလုပ်ကိုင်သည့် လယ်ယာမြီများမှာ မုန်တိုင်းနန့်အတူ ပင်လယ်ရီဝင်ရောက်လားပြီးနောက် ပြည်သူများမှာ လယ်ယာလုပ်ကိုင်ရန်လေ့ အဆင်မပြေ၍ အလုပ်အကိုင်ယှားပါးသည့်ပြဿနာကိုပါရင်ဆိုင်နီကတ်ရသည်။
ယင်းသို့ လူမှုစီးပွားအကျပ်အတည်းများကြောင့် မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းမှစကာ ရက္ခိုင်ပြည်မြို့နယ်များဟိ အလွှာပေါင်းစုံမှ လူအများစုမှာ အလုပ်လုပ်ကိုင်ရန် ပြည်ပသို့ ထွက်ခွာမှု တရက်ထက်တရက် ပိုမိုများပြားလာနီပြီး ပြည်တွင်းကျေးလက် ဒေသများ၌ သာရီးနာရီးအကျိုးများကို ဆောင်ရွက်နီသည့် လူငယ်များ တစတစလျော့နည်းလာကြောင်း ဒေသခံများက ပြောသည်။
ပြည်ပသို့လားရာတွင်လေ့ တရားဝင်လမ်းကြောင်းထက် တရားမဝင်လမ်းကြောင်းများမှတဆင့် ပွဲစားများနန့် လားရောက် သည်က ပို များနီကာ အဓိကအားဖြင့် မလေးသျှား၊ ထိုင်းနန့် တရုတ်သို့ လားရောက် အလုပ်လုပ်ကိုင်နီကတ်ပြီး ဖမ်းဆီးခံရ သည်များလေ့ ဟိသည်။
ရက္ခိုင်တွင်မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန် တိုင်းကြောင့် အိုးအိမ်အမြောက်အမြားပျက်စီးကာ ဒေသခံ ပြည်သူ ၁ သန်းကျော် မုန်တိုင်းဒဏ်သင့်ခရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ကပြောကြားထားပြီး ယင်းမုန်တိုင်းဒဏ်သင့်ပြည်သူများသည် လတ်တလော၌ လူမှုစီးပွားအကျပ်အတည်းများနန့် ရင်ဆိုင်နီကတ်ရကြောင်း သိရသည်။