APM၊ ဂျူလိုင် ၁၁/ ၂၀၂၃
အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်တွင် ပြီးခသည့် ဂျူလိုင် ၈ရက်နိမှစ၍ ဂျူလိုင် ၁၀ရက်နိအထိ ကျင်းပခသည့် ဒေသဆိုင်ရာရွီးကောက်ပွဲအတွင်း အကြမ်းဖက်မှုများကြောင့် သီဆုံး လူ ၄၂ယောက်အထိ ဟိလာကြောင်း အာဏာပိုင် များက ပြောပါသည်။
အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဂျူလိုင် ၁၀ရက်နိမှာ လူ ၄ ယောက်ထပ်မံသီဆုံးခပြီး ပြည်နယ်တဝန်းစုစုပေါင်းသီဆုံးလူ ၄၂ ယောက်အထိ ဟိလာသည်။
သီဆုံးမှုအများဆုံးနိအဖြစ် ဂျူလိုင် ၈ ရက်နိက လူ ၁၈ယောက်သီဆုံးခပြီး မဲပုံးများခိုးယူခြင်း၊ မဲရုံတာဝန်ဟိသူများကို ရိုက်နှက်ခြင်း၊ မဲရုံများကို မီးတိုက်ခြင်းနန့် ဗုံးခွဲတိုက်ခိုက်မှုများအထိ ဖြစ်ပွားခကြောင်း သိရသည်။
လူဦးရေ ၁၀၄ သန်းဟိသည့် ဘန်ဂေါပြည်နယ်တွင် ကျေးရွာနန့်ခရိုင်အဆင့် အုပ်ချုပ်ရီးနီရာ ၇,၀၀၀ ကျော်အတွက် ရွီးကောက်တင်မြောက်ရန် ကိုယ်စားလှယ် ၂ သိန်းလောက် ယှဉ်ပြိုင်ခကတ်ပြီး မဲဆန္ဒသျှင် ၅၆.၇ သန်းခန့်က ပါဝင်မဲပီးခကတ်သည်။
အဆိုပါရွီးကောက်ပွဲတွင် အိန္ဒိယအာဏာရပါတီ BJP ပါတီနန့် သရီနာမွန်ကွန်ကရက်ပါတီရို့အကြား အပြင်းအထန် ယှဉ်ပြိုင်ရာမှ အကြမ်းဖက်မှုများဖြစ်ပွားလာရခြင်းဖြစ်ပြီး ရွီးကောက်ပွဲရလဒ်ကို ဒေနိ ကြေညာလားမည်ဟု သိရသည်။
Source – West Bengal panchayat election results today; state sees 42 deaths, re-polling
Photo – PTI