
APM၊ ဂျူလိုင် ၁၁ /၂၀၂၃
မုန်တိုင်းကြောင့် စခန်းတခုလုံးပျက်စီးခရသည့် မြေပုံမြို့နယ်၊ကမ်းထောင်းကြီးစစ်ဖီးယှောင်စခန်းသည် မိုးရာသီသို့ ရောက်လာရာအမိုးအကာနန့် စားနပ်ရိက္ခာများအရေး တကြီး လိုအပ်လျက်ဟိကြောင်း သိရသည်။
အိမ်ထောင်စု ၂၁၆စု၊ လူဦးရေ ၇၀၃ယောက် နီထိုင်သည့်ကမ်းထောင်းကြီးစစ်ဖီယှောင်စခန်းသည် မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် နီအိမ်အားလုံး ပျက်စီးဆုံးယှုံးလားခသည်။
မုန်တိုင်းတိုက်ခတ်ပြီး နှစ်လနီးပါးကြာလာသည့် လက်ဟိအချိန်ထိ ယင်းစခန်း၌ နီအိမ်များကို ပြန်မပျင်နိုင်သိမ့်၍ အိမ်အပြို အပျက်များကြားမှ သုံး၍ရသည်များ ပြန်သုံးကာ ယာယီတဲထိုးလျက် ကုပ်ကပ်နီထိုင်နီကတ်ရသည်။
ယင်းအပြင် အရေးပေါ်အကူညီလာရောက် ပီးအပ်သည်မှာလေ့ မဟိသလောက်နည်းပါးနီ၍ စားနပ်ရိက္ခာများပြတ်လပ်ကာ စားသောက်ရီးအခက်အခဲများလေ့ ဆိုးဝါးစွာကြုံတွိနီကတ်ရသည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကမ်းထောင်းကြီး စစ်ဖီးယှောင်စခန်းအပါအဝင် ရက္ခိုင်ပြည် မြို့နယ်အသီးသီးဟိ မုန် တိုင်းသင့် စစ်ဖီးယှောင်များမှာ လက်ဟိ ကူညီကယ်ဆယ်ရီး အထောက်ပံ့ရဟိမှုနည်းပါးကာ ပြန်လည်ထူထောင်ရီး အတွက် ကမ်းမမြင်လမ်းမမြင် ဖြစ်နီကတတ်ရသည်။


