
APM၊ ဂျူလိုင် ၁၁/ ၂၀၂၃
ကချင်လွတ်မြောက်ရီးတပ်မတော် (KIA) ဌာနချုပ်တည်ရာ လိုင်ဇာအနားက မဒီးယာန်ကျေးအနားရွာတွင် မြန်မာစစ်တပ်နန့် KIA ရို့ အကြား ဒေနိ(ဂျူလိုင် ၁၁ ရက်)နိ၊ မိုးထ ၉ နာရီလောက်ကစ၍ တိုက်ပွဲများဖြစ်ပွားနီကြောင်း သိရသည်။
ဗန်းမော်မြို့နယ်ဖက်မှ တက်လာသည့် အင်အား ၈၀ ကျော်ပါ မြန်မာစစ်တပ်၏ စစ်ကြောင်းတခု နန့် KIA တပ်ဖွဲ့ဝင်များ မဒီးယာန်ရွာနားတွင် တိုက်ပွဲဖြစ်ပွားပြီး၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက် နက်ချေများနန့်အပြန်အလှန် ပစ်ခတ်မှု များဖြစ်ကာ တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများက ပြောပါသည်။
နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့ အတိ အကျမသိရသိမ့်ဟု ဒေသခံများက ဆိုပါသည်။
လူဦးရေ ၁ ထောင်ကျော်နီထိုင်သည့် မဒီးယာန်ကျေးရွာသည် လိုင်ဇာမြို့နန့် သျှစ်မိုင်အကွာတွင်ဟိပြီး တိုက်ပွဲများကြောင့် မဒီးယာန်ရွာသားများသာမက အပါးတဝိုက်ဟိ ခယာယာန်နန့် အောင်ဂျာကျေး ရွာရို့က ဒေသခံရွာသားများပါ ထွက်ဗြီးတိမ်း ယှောင်နီရသည်ဟု ဆိုပါသည်။
ကုန်ခသည့် ဂျူလိုင်ပထမအပတ်ကစ၍ လိုင်ဇာမြို့အနားဟိ နန်ဆန်ယန်ရွာအနားတဝိုက်တွင် မြန်မာစစ်တပ် နန့် KIAရို့ အကြားတိုက်ပွဲများဖြစ်ပွားပြီး နန်ဆန်ယန်သို့ မြန်မာစစ်တပ်သည် မြစ်ကြီးနားဖက်က စစ်ကြောင်းတကြောင်း၊ ရွှီကူမြို့ ဖက်က စစ်ကြောင်း တကြောင်းနန့် ထိုးစစ်ဆင်နီခသည်။
ယင်းနောက် ဂျူလိုင် ၈ ရက်နိ၊ ညဇာ ၈နာရီလောက်က မြန်မာစစ်တပ်သည် လိုင်ဇာမြို့နန့် ၆ မိုင်လောက်ရာ ကွာဝီးသည့် နန်ဆန်ယန်ရွာအနားတဝိုက်သို့ ရဟတ်ယာဉ်တစီးနန့် လာရောက်ဗုံး ကြဲတိုက်ခိုက်ခပြီး လိုင်ဇာမြို့ဖက်သို့လေ့ နိတိုင်းပိုင် လက်နက်ကြီးများနန့် ဆက် တိုက်ပစ်ခတ်ကြောင်း ဒေသခံများက ပြောပါသည်။
အလားတူ ဂျူလိုင် ၈ ရက်နိကလေ့ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်ကျေးရွာနားတွင် မြန်မာစစ်တပ်နန့် KIAရို့အကြား တိုက်ပွဲဖြစ်ပွားခသိမ့်သည်။
တချိန်တည်းတွင် သျှမ်းပြည်တောင်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင်လေ့ မြန်မာစစ်တပ်နန့် KIA ရို့အကြား ဂျူလိုင် ၈ ရက်နိမှ ၁၀ ရက်နိ အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခပြီး မြန်မာစစ်တပ်ဖက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နားဖိုင်ကျေးရွာက နီအိမ်တဆောင်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ အရပ်သား ၂ယောက် ထိခိုက်ဒဏ်ရာရဟိခကြောင်း သိဟိရသည်။
Photo – Kachinwaves
