APM၊ ဂျူလိုင် ၁၁ /၂၀၂၃
မုန်တိုင်းကြောင့် ပျက်စီးခရသည့် ကျောက်တော်မြို့နယ်၊ ပြိုင်းချောင်းရွာမှ အခြီခံပညာမူလတန်း(လွန်) စာသင်ကျောင်းမှာ မုန်တိုင်းအပြီး နှစ်လနီးပါးကြာလာသည့်တိုင် မပြုပျင်နိုင်သိမ့်၍ ကျောင်းသား/ကျောင်းသူများ ဒေနိအထိ လုံးဝ ကျောင်း မတက်ရသိမ့်ကြောင်း သိရသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် ဖျက်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်ခြီ ၂၀၀ နီးပါးဟိသည့် ပြိုင်းချောင်းရွာတွင်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် တရွာလုံးနီးပါး ပျက်စီးခရသည်။
ပြိုင်းချောင်းတရွာလုံးတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၁၅၂ ယောက်ထိဟိပြီး၊ လက်ဟိ ကျောင်းပြန်ဖွင့်ထားသည် မှာ တလကျော်ကြာလာကေလေ့ ယင်းမုန်တိုင်းကြောင့်ပျက်စီးလားသည့်စာသင်ကျောင်းကို ပြန်ပြုပျင်ခြင်းမဟိသိမ့်၍ ကျောင်းသူ/သားများမှာ လုံးဝ စာမသင်ရသိမ့်ဟု ဆရာ/မများက ပြောသည်။
ယင်းအပြင် လမ်းပန်းဆက်သွယ်ရီး အခက်အခဲကြောင့်လေ့ ယင်းကျေးရွာသို့ အကူအညီ တစုံတရာ လာရောက်လှူဒါန်းခြင်း မဟိသလောက်ဖြစ်နီ၍ ပျက်စီးလားသည့်အိမ်များကို ဖြစ်တေပိုင်ပြုပျင်ထားရသည့်အပြင် စားဝတိနီရီးလေ့ အခက်ကြုံနီ ကတ်ရသည်။
လက်ဟိတွင် ပျက်းစီးနီသည့် အဆိုပါစာသင်ကျောင်းအား ပြန်ပြုပျင်ရန် အရေးတကြီးလိုအပ်နီပြီး၊ ကူညီကယ်ဆယ်ရီး အဖွဲ့များအပါအဝင် သက်ဆိုင်ရာတာဝန်ဟိသူများက အယင်ဆုံးကူညီဆောင်ရွက်ပီးစီလိုကြောင်း ဆရာ/ဆရာမများနန့် ရွာသူ/ရွာသားများက မိတ္တာရပ်ခံတောင်းဆိုနီကတ်သည်။