
APM ၊ ဂျူလိုင် ၁၁ /၂၀၂၃
ရက္ခိုင့်တပ်တော်(AA)နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးတရားစွဲခံထားရသည့်တောင်ကုတ်ဒေသခံ ၆ ယောက်ကို ဒေနိ(ဂျူလိုင် ၁၁ရက်နိ)တွင် အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေပုဒ်မ ၅၂ (က)နန့် တောင်ကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရသည့် တောင်ကုတ်မြို့ နယ်သား ၆ ယောက်မှာ ဆားပြင်ရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြို့မှ ကိုသန်းဇော်ဌေး နန့် ကိုသန်းဇော်ဇော် ရို့ဖြစ်ကတ်သည်။
အဆိုပါတောင်ကုတ်ဒေသခံ ၆ ယောက်အမှုကို ဒေနိညဇာ ၄ နာရီလောက်မှာ တောင်ကုတ်မြို့နယ်တရားရုံးတွင်ရုံးထုတ်ခပြီး ပြစ်မှုထင်ရှားသည်ဟုဆိုကာ တောင်ကုတ်မြို့နယ်တရားသူကြီးက အကြမ်းဖက်မှုတိုက်ဖျက်ရီး ဥပဒေပုဒ်မ ၅၂(က) နန့် ထောင်ဒဏ် ၄ နှစ်စီချမှတ်ခခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။
ဆားပြင်ရွာမှ ကိုသန်းနိုင်၏ ညီမ ဖြစ်သူ မသန်းသန်းဆင့် က “ဒေနိတော့ အမိန့်ချလိုက်ပါယာ။ ၅၂(က) နန့် ပြစ်မှုထင်ရှားရေ ဆိုပနာ ထောင်ဒဏ် ၄ နှစ်ချလိုက်စွာပါ” ဟု APM ကို ပြောသည်။
ယင်းတောင်ကုတ်ဒေသခံ ၆ ယောက်အနက် ကိုသန်းနိုင်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကပင် ဖမ်းဆီးချုပ်နှောင်ခပြီး၊ ကျန် ၅ ယောက်ကိုတော့ ၂၀၂၀ ပြည့်နှစ် ဂျုန်လမှာမြန်မာစစ်တပ်က ဖမ်းဆီးခသည်။
ယင်းနောက် အကြမ်းဖက်မှုတိုက်ဖျက်ရီး ဥပဒေပုဒ်မများဖြင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်လက် အောက်ခံ၊ ခလရ (၂၇) မှ အရာဟိတယောက်နန့် ခလရ(၅၁)မှ အရာဟိတယောက်က မတရားသဖြင့် လုပ်ကြံ တရားစွဲဆိုထားခပြီး သုံးနှစ် ကျော်ကြာ တရားရင်ဆိုင်ခရကာ ဒေနိမှရာ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
