APM ၊ ဂျူလိုင် ၁၁ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲခံထားရသည့် မင်းပြားမှ အုပ်ချုပ်ရီးမှူးတယောက်အမှုကို ဒေနိ (ဂျူလိုင် ၁၁ ရက်နိ)၌ မင်းပြားမြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး လိုပြသက်သီ နှစ်ယောက်စစ်ဆီးခကြောင်း သိရသည်။
၁၇(၁)(၂)နန့်တရားစွဲခံထားရသူ အုပ်ချုပ်ရီးမှူးမှာ မင်းပြားမြို့၊ ဥက္ကာပျရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ(ခ) နီတောင်းချေ(၅၇နှစ်) ဖြစ်သည်။
အမှုကို ဒေနိမိုးထ ၁၁ နာရီကျော်က မင်းပြားမြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး လိုပြသက်သီနှစ်ယောက်အား စစ်ဆီးခကာ လာမည့် ဂျူလိုင် ၂၅ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်သည်။
ဦးအောင်ကျော်လှကို ပြီးခသည့် ၂၀၂၂ ခုနစ်၊အောက်တိုဘာ ၈ ရက်နိ၌မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၈၀) တပ်ရင်း မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလားခသည်။
ယင်းနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အတွက် အခွန်ကောက်ခံသည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇ (၁)(၂) နန့် တရားစွဲဆိုပြီး၊ ရုံးထုတ် စစ်ဆီးလျက်ဟိရာ အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းအကြိမ်ကြိမ် ရွှိဆိုင်းခံနီရ၍ အမှုမှာ ကြန့်ကြာနီရသည်။
လက်ဟိ၌ ဦးအောင်ကျော်လှမှာ ခန္ဓာကိုယ်တခြမ်း လီဖြတ်နီပြီး စတီးရိုးထည့် ထားရသည့် ညာဖက်လက်မောင်းမှာလေ့ ပြည်တည်နီကာ လှုပ်မရဘဲ ကိုက်ခဲ နာကျင်သည့် ဝေဒနာများကို ဆိုးဆိုးဝါးဝါး ခံစားနီရ၍ ဆရာဝန်ကြီးများ၊အရိုး အထူးကု ဆရာဝန်များဖြင့် အနီးကပ်ပြုစုကုသခွင့်ရရန် မိသားစုဝင် များကလိုလားနီကတ်သည်။