
APM ၊ ဂျုန် ၁၁ / ၂၀၂၃
တရုတ်နိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရီကြီးရီလျှံမှုများဖြစ်နီ၍ ဂျုန် ၁၀ ရက်နိမှစကာ အရေးပေါ် တုံပြန်ရီး စတင်လိုက်ကြောင်း တရုတ်နိုင်ငံ၏ ရီလွှမ်းမိုးမှု ထိန်းချုပ်ရီးနန့် မိုးခေါင်မှု ကယ်ဆယ်ရီး ဌာနချုပ်က ကြေညာသည်။
ပြီးခသည့် ဂျုန် ၉ ရက်နိကပင် စတင်ရွာသွန်းခသည့် မိုးကြောင့် ကွမ်ရှီးဇူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Beihai မြို့နယ် ကျေးရွာတချို့ ရီလွှမ်းမိုးခကာ အပျက်အစီးများအကြား ပိတ်မိနီသည့် ရွာသား ၄၀၀ နီးပါးကို ကယ်ဆယ်ခရသည်ဟု ဆိုသည်။
ယင်းနည်းတူ ဟော်ဖှူမြို့နယ်တွင် ဂျုန် ၁၀ ရက်နိက ပိတ်မိနီသည့် ရွာသား ၂,၄၀၀ ကျော်ကို ဖီးလွတ်ရာသို့ ရွိ့ပြောင်းပီးခရ ကြောင်း သိရသည်။
အစိုးရက ဒေသဆိုင်ရာအာဏာပိုင်များအား ရာသီဥတုပြောင်းလဲမှုကို အနီးကပ်စောင့်ကြည့်ရန်၊ အန္တရာယ်များသည့် ဒေသ များတွင် ကင်းလှည့်ရန် ၊ လူများကို ဖီးလွတ်ရာ ရွိ့ပြောင်းရန် နန့် ကယ်ဆယ်ရီးသမားများအား ကာကွယ်ရန် ညွှန်ကြားထား သည်။
တရုတ်နိုင်ငံတောင်ပိုင်းနန့် ယူနန်ပြည်နယ်ရို့တွင် ဂျုန် ၉ ရက်နိမှ ၁၁ ရက်နိအထိ နီရာအနှံ့အပြား မိုးကြီးနိုင်ပြီး ဒေသအချို့ တွင် မိုးသက်မုန်တိုင်းများ ကျရောက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
လက်ဟိတွင် တရုတ်နိုင်ငံ၏ ရီလွှမ်းမိုးမှုထိန်းချုပ်ရီး အရေးပေါ်တုံပြန်ရီး စနစ်တွင် အဆင့်လေးဆင့်ဟိပြီး အဆင့် – ၁ သည် အပြင်းထန်ဆုံးတုံ့ပြန်မှုကို ကိုယ်စားပြုကြောင်း သိဟိရသည်။
Source – China activates emergency response to flooding
Photo – PreventianWeb
