APM ၊ ဂျုန် ၁၁ /၂၀၂၃
မုန်တိုင်းကြောင့် အဆောင်များပြိုပျက်ခရပြီးနောက် ပုဏ္ဏားကျွန်းမြို့ နယ်ဟိ ဆီးရုံ၊ ဆီးခန်းများတွင် အတွင်းလူနာများ ဆီးကုသမှုခံယူရာ၌ အခက်ကြုံနီကတ်ရကြောင်းသိရပါသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆီးရုံ ၁ ခု၊ တိုက်နယ်ဆီးရုံ ၃ ခု၊ ကျေးလက် ကျန်းမာရီးဌာန ၇ ခုနန့်ကျန်းမာရီးဌာနခွဲ ၂၆ ခုဟိသည်။
မေ ၁၄ ရက်နိက Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အဆိုပါဆီးရုံ၊ ဆီးခန်းများ၌ လူနာဆောင်များ၊ အိမ်သာ များနန့် ကျန်းမာရီးဝန်ထမ်းအိမ်ရာများအပါအဝင် အဆောင်အများအပြား ထိခိုက်ပျက်စီးခရသည်။
ယင်း အဆောင်များကို လက်ဟိအချိန်ထိ ပြန်ပြုပျင်နိုင်ခြင်းမဟိသိမ့်၍ ဆီးကုသရန်လာရောက်သည့် လူနာများမှာ မိုးမလုံ၊ လီမလုံဖြင့် အခက်အခဲမျိုးစုံကြုံနီကတ်ရသည့်အပြင် ကျန်းမာရီးဝန်ထမ်းများမှာလေ့ နီစရာနီရာမဟိဘဲ အတိ ဒုက္ခရောက်နီ ကတ်ရသည်။
ညည့်အိပ်လာရောက်ကုသရသည့် လူနာများဆိုလျင် တာပေါ်လင်စများနန့် ယာယီ ကာထားသည့် အဆောင်များတွင် နီထိုင်နီ ကတ်ရသည်ဟုဆိုသည်။
ယင်းအပြင် လျှပ်စစ်မီးများပြတ်တောက်နီ၍ တိုက်နယ်ဆီးရုံများတွင် အရေးပေါ်ဆီးကုသရီးပိုင်း၌ အခက်ကြုံနီကတ်ရပြီး သက်ဆိုင်ရာတာ ဝန်ဟိသူများမှလေ့ လာရောက်ကြည့်ရှုကူညီမှုများ မဟိသိမ့်ကြောင်း သိရသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ဟိ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် ဆီးရုံ၊ ဆီးခန်းပေါင်း ၂၅၂ ဆောင်ပျက်စီးဆုံးယှုံးခရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA က ပြောကြား ထားသည်။