
APM ၊ ဂျုန် ၁၁ / ၂၀၂၃
ရက္ခိုင်ပြည်တွင် မုန်တိုင်းဒဏ်သင့်ပြည်သူများအား အကူအညီပီးနီသည့် ပြည်တွင်း/ပြည်ပလူမှုကူညီကယ်ဆယ်ရီး အဖွဲ့အ စည်းများ အားလုံး၏ ခရီးလားလာခွင့်များ ရပ်ဆိုင်းထားသည်ကိုစစ်ကောင်စီက ဒေနိ(ဂျုန် ၁၁ ရက်နိ) မှစ၍ ပြန်ဖွင့်ပီးလိုက် သည်။
ရက္ခိုင်ပြည်တွင် မုန်တိင်းဒဏ်သင့်ပြည်သူများအား အကူအညီပီးနီသည့် ပြည်တွင်း/ပြည်ပလူမှုကူညီကယ်ဆယ်ရီးအဖွဲ့ အ စည်းများ အားလုံး၏ခရီးလားလာခွင့်များကို ဂျုန် ၇ ရက် နိမှစ၍စစ်ကောင်စီကရပ်ဆိုင်းထားခခြင်းဖြစ် သည်။
ဒေနိတွင် ပြန်လည်ခွင့်ပြုကြောင်းကိုစစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရရုံးမှထုတ်ပြန်လိုက်ပြီး ယင်းတွင် အယင်က ခွင့်ပြု ထားခသည့် ခွင့်ပြုစာအတိုင်း လုပ်ငန်းများဆောင်ရွက်ခွင့်ပြုကြောင်း ဖော်ပြထားသည်။
ယင်းအပြင်၎င်းစာကို နပခတိုင်းမှူး၊ပြည်နယ်အထွေထွေအုပ်ချုပ်ရီးမှူး၊ပြည်နယ်ရဲတပ်ဖွဲ့မှူး၊မောင်တောကျီးကန်းပြင် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရီးမှူး၊ စစ်တွေမြို့ဟိ အမှတ်(၁၂) သတင်းရဲတပ်ဖွဲ့ခွဲမှူးနန့် အမှတ်(၄) လုံခြုံရီးရဲကွပ်ကဲရီးမှူး၊ ခရိုင် စီမံအုပ်ချုပ်ရီးမှူးများအားလုံးသို့ ဖြန့်ဝီထားသည်။
ရက္ခိုင်တွင် ပြီးခသည့် မေ ၁၄ ရက်နိကတိုက်ခတ်ခသော Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒေသခံပြည်သူ ၁၂ သိန်းနန့် ၁၅ သိန်းကြားမုန်တိုင်းဒဏ်သင့်ခရပြီးလူနီအိမ် ၂၁၆၀၀၀ ကျော်ပျက်စီးဆုံးယှုံးခရကြောင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့် တပ်တော် ULA/AAက ပြောကြားထားသည်။
