
APM ၊ မေ ၁၁ / ၂၀၂၄
ဒေနိ(မေ ၁၁ ရက်နိ)မာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာတစီး၊ တိုက်ခိုက်ရီးနေဗီတစီးရို့နန့် အကြမ်းဖက်ယမ်းကားပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ်က အပြစ်မဲ့ပြည်သူတယောက် ဒဏ်ရာရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားရေလူစွာ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ ချောင်းဖျားရွာက ဦးအေးခင်မောင် (၄၆ နှစ်) ဖြစ်ပါရေ။
ဒေနိ၊ နိခင်း ၂ နာရီခွဲလောက်ပင်စပြီးကေ အကြမ်းဖက်စစ်ကောင်စီစွာ ဂျက်ဖိုင်တာတစီး၊ တိုက်ခိုက်ရီးနေဗီတစီးနန့် ချောင်းဖျားရွာနန့် ကြောင်ခိုးရွာကြား င/ခတ်ပြင်တောင်နားပတ်ဝန်းကျင်ကို လက်နက်ကြီးနန့် အကြမ်းဖက်ယမ်းကားပစ်ခတ်တိုက်ခိုက်ခရေလို့ ဒေသခံတိက ပြောပါရေ။
အကြမ်းဖက်ပစ်ခတ်မှုစွာ ချောင်းဖျားရွာနားမာ ကျရောက်ပေါက်ကွဲခပြီးကေ ယင်းအနားမာ အလုပ်လုပ်နီရေ ဦးအေးခင်မောင်၏ ဘယ်ဖက်ပေါင်၊ ညာဖက်ခြီသလုံးနန့် နဖူးရို့မာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရလားရေလို့ဆိုပါရေ။
လက်ဟိအချိန်ထိလည်း အကြမ်းဖက်စစ်ကောင်စီစွာ ယင်းင/ခတ်ပြင်တောင်နန့် အပါးဟပ်စပ်ရပ်ရွာတိကို ဂျက်ဖိုက်တာတစီးနန့်လာရောက်ပသ်ခတ်မှုတိပြုလုပ်လို့ဟိနီသိမ့်ရေလို့ သိရပါရေ။
ရက္ခိုင်ပြည်တဝန်းဟိ တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိ အမြောက်အမြားနန့် မြို့တိ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးအကြမ်းဖက်စစ်ကောင်စီစွာ အပြစ်မဲ့ပြည်သူတိနီထိုင်ရေ မြို့၊ရပ်ရွာတိကို လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လီယာဉ်တိကိုအသုံးပြုပနာ ပစ်ခတ်မှုတိ နိစဉ်ရက်ဆက် ပြုလျက်ဟိနီပါရေ။
ယင်းသို့ ပစ်ခတ်တိုက်ခိုက်နီမှုတိကြောင့် ဒေသခံ အာရက္ခပြည်သူရို့အနီနန့် အထူးဂရုပြုလားလာနီထိုင်ကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က အလေးအနက်တိုက်တွန်းထားပါရေ။
