APM၊ မေ ၁၁ / ၂၀၂၃
နယူးဇီလန်နိုင်ငံတွင် ပြီးခသည့် မေ ၉ ရက်နိကစ၍ မိုးပြင်းထန်စွာရွာသွန်းခပြီးနောက် ရီကြီးမှုများဖြစ်ကာ အဓိကမြို့ဖြစ် သည့် အော့ကလန်တွင် အရေးပေါ်အခြေအနီကြေညာထားရကြောင်း သိရသည်။
အော့ကလန်အရေးပေါ်စီမံခန့်ခွဲရီးအရာဟိ Rachel Kelleher က အဓိကအားဖြင့် မိုးပြင်းပြင်းထန်ထန်ရွာသွန်းခသည့် အော့ ကလန်မြောက်ပိုင်းဒေသများတွင် ရာသီဥတု သတိပီးချက်ကို အရေးပေါ်အခြေအနီထုတ်ပြန်ထားရကြောင်း ပြောဆိုသည်။
ယင်းအပြင် အမြန်လမ်းများ၊ ရထားနန့် ပို့ဆောင်ရီးဝန်ဆောင်မှုများကို ရပ်ဆိုင်းထားရပြီး စာသင်ကျောင်းများကိုပါ ပိတ် ထားရကြောင်း သိရသည်။
ယင်းသို့ မိုးကြီးရီကြီးမှုကြောင့် မြီပြိုကာ လမ်းပန်းဆက်သွယ်ရီး ပြတ်တောက်မည်ကို စိုးရိမ်ရသည့်အတွက် ပြည်သူများ အနီနန့် မလိုအပ်ဘဲ ခရီးလားခြင်းကို ယှောင်ယှားကတ်ရန်လေ့ အာဏာပိုင်များက တောင်းဆိုထားသည်။
နယူးဇီလန် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီး Kieran McAnulty က ရီကြီးမှုများကြောင့် ထိခိုက်ခရသည့် ပြည်သူများ ကို အစိုးရအထောက်အပံ့များ တိုးမြှင့်ပီးအပ်လားမည်ဟု ပြောကြားထားကြောင်း သိဟိရသည်။
Source – New Zealand declares state of emergency in Auckland after heavy rain
Photo – AP