
APM ၊ မေ ၁၁ / ၂၀၂၃
ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် MOCHA ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်လာနိုင်၍ ပြောင်းရွှိ တိမ်းယှောင်လာသူ ၁ သောင်းကျော်အထိ ဟိလာကြောင်း သိရသည်။
အဆိုပါ လပွတ္တာဒေသခံ ၁ သောင်းကျော်မှာ မေ ၆ ရက်နိမှ မေ ၁၀ ရက်နိအတွင်းပြောင်းရွှိလာသူများဖြစ်ပြီး ထပ်မံပြောင်းရွှိ တိမ်းယှောင်လာသူများလေ့ဟိသိမ့်သည်ဟု လပွတ္တာမြို့အခြီစိုက် လူမှုကူညီရီးအသင်းများက ဆိုသည်။
မုန်တိုင်းတိမ်းယှောင်လာသူများမှာ လပွတ္တာမြို့နယ်ဟိ မြီနိမ့်ပိုင်းဒေသနန့် ပင်လယ်ကမ်းခြီအနားဟိ ကျေးရွာများမှဖြစ်ပြီး လက်ဟိတွင် လပွတ္တာမြို့ပေါ် ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းများနန့် မြို့ပေါ်ရပ်ကွက်များတွင် နီထိုင်နီကတ်သည်ဟု သိရသည်။
ယင်းသို့ မုန်တိုင်းယှောင်လာသူများကို အလှူသျှင်များနန့် မြို့ပေါ်ဒေသခံများက စုပေါင်းကာ ချက်ပြုတ်ကျွေးမွီးထားပြီး လူဦးရေများလာသည့်အတွက် အခက်အခဲတချို့ဟိနီသည်ဟု လူမှုကူညီရီးအသင်းများထံမှ သိရသည်။
MOCHA မုန်တိုင်းသည် ဘင်္ဂလားဒေ့ချ်-ရက္ခိုင်ကမ်းရိုးတန်းသို့ ဦးတည်နီပြီး မုန်တိုင်းဝင်ရောက်ဖြတ်ကျော်စဉ် အမြင့်ဆုံးလီတိုက်နှုန်းမှာ တနာရီလျှင် မိုင် (၈၀) မှ (၁၀၀) ခန့်အထိ တိုက်ခတ်နိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။
Photo – Heart Laputta
