APM၊ မေ ၁၁ / ၂၀၂၃
MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြေပုံမြို့နယ်၊ င/မန်းရဲကျွန်းက ဒေသခံပြည်သူ ၂၀၀၀ ကျော် ရီဖီးတိမ်းယှောင်လာ ကတ်ရပြီး ယင်းရီဖီးယှောင်ပြည်သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA တပ်ဖွဲ့ဝင်များက ကူညီ ပီးခကတ်ကြောင်း သိရသည်။
ယင်းရီဖီးယှောင်သည် လက်ဟိ၌ မင်းပြားမြို့နယ် ကြပ်စင်ကျွန်းဟိကျေးရွာများဖြစ်သည့် သစ်ပုတ်တောင်၊ ကျောက်ခုတ်၊ မြောင် ချောင်းရွာ၊ ရန်တိုင်ရွာနန့် စအင်းရွာများဟိ ဆွေမျိုးနီအိမ်များ၊ ဘုန်းကြီးကျောင်းများနန့် စာသင်ကျောင်းများတွင် ခိုလှုံနီကတ်သည်။
ရီဖီးယှောင်ပြည်သူများအား ULA/AA တပ်ဖွဲ့ဝင်များက စက်လှီ၊ ဘုတ်များဖြင့် ကူညီကယ်ဆယ်ရီးများ ပြုလုပ်ပီးခကတ် ကြောင်း သိရသည်။
MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက်နိတွင် ရက္ခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး မုန်တိုင်းဖြတ် ကျော်ဝင် ရောက်ချိန် လီတိုင်နှုန်းမှာ တနာရီလျှင် ၉၅ မိုင်မှ မိုင် ၁၁၀ အထိ ဟိနိုင်ကြောင်း မိုးလီဝသ ပညာသျှင်င်များက ခန့်မှန်းထားသည်။
ULA က ဖွဲ့စည်းထားသည့် လူသားချင်းစာနာထောက်ထားရီးနန့် ဖွံ့ဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး HDCO ကလေ့ မုန်တိုင်းသတင်းများကို စဥ်ဆက်မပြတ် အသိပီးကြေငြာနီပြီး ကူညီကယ်ဆယ်ရီများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ဟိကြောင်း သိရသည်။