
လူသားချင်းစာနာထောက်ထားရီးနန့် ဖွံ့ဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး (HDCO)မှ ဖြန့်ဝီသည်။
(က) မုန်တိုင်းမတိုက်ခင်အချိန် (သို့) မုန် တိုင်းသတိပီးချက်ရပြီးချိန်တွင် လိုက်နာရမည့် အချက်များ။
၁။ ရေဒီယို၊ အင်တာနက်ဖွင့်ပြီး သတင်းအရင်းအမြစ်ခိုင်လုံသော မိုးလီဝသသတင်းများနန့် လမ်းညွှန်ချက်များကို မျက်ခြီမ ပြတ် စောင့်ကြည့်ရန်။
၂။ သက်ဆိုင်ရာမြို့နယ်/ကျေးရွာမှ စီစဉ်ထားသော မုန်တိုင်းဖီးလွတ်ကင်းရာစုရပ်(သို့) ရွှိပြောင်းမည့်သတင်းနန့် ကြိုတင် သတိပီးချက်များကို နားစွင့်ထားရန်။
၃။ မိမိနီအိမ်၏ခိုင်ခံ့မှုအခြေအနီကိုစစ်ဆီးပြီး ယိုင်နီသော(သို့) ပြိုကျနိုင်ခြီဟိသောနီရာများကိုပြင်ဆင်ရန်။
၄။ မိသားစု တစုစာ လုံလောက်နိုင်သော ဆီးဝါး၊ အခြောက်အခြမ်းအစားအစာများနန့် ဖုန်း၊ ဓာတ်မီး၊ ဖယောင်းတိုင်နန့် မီးဆွဲ ရို့စုစည်းထားသောအိတ်ကိုအသင့် ပြင်ထားရန်။
၅။အိမ်မွီးတိရစ္ဆာန်များနန့်မွီးမြူရီးတိရစ္ဆာန်များကိုမုန်တိုင်းဖီးလွတ်ကင်းရာနီရာသို့ရွှိပြောင်းရန်။
၆။ သက်ဆိုင်ရာမြို့နယ်/ကျေးရွာမှမုန် တိုင်းဖီးလွတ်ကင်းရာစုရပ်ဟုသတ်မှတ်ထားသောနီရာသို့ရွှိပြောင်းရန် သတင်းထုတ် ပြန်ပါကမိမိနီအိမ်(သို့)ယာယီနီရာမှ ချက်ချင်းထွက်ခွာပြီး စုရပ်သို့လားရန်။
(ခ) မုန်တိုင်းတိုက်နီချိန်တွင် လိုက်နာရမည့်အချက်များ။
၁။ မိမိနီအိမ်(သို့)ယာယီနီရာ၏ပြိုမကျနိုင်သောနီရာတွင်တံခါး၊ပြတင်းပေါက်များကို လီပြင်းအားကြောင့် မပွင့်ရအောင် နောင်းနောင်း ပိတ်ထားပြီး မိသားစုဝင်များ နိုးနိုးကြားကြားသတိဟိဟိ နီရန်။
၂။ မိုးလီဝသသတင်းများကိုမျက်ခြီမပြတ် နားစွင့်ထားရန်။
၃။ လျှပ်စစ်မိန်းခလုတ်နန့်ရီဘားများကို ပိတ်ထားရန်။
၄။ လက်နှိပ်ဓာတ်မီး၊အရေးပေါ်မီးအိမ်များကိုအတတ်နိုင်ဆုံးသုံးပြီးဖယောင်း တိုင်၊မီးခြုတ်များသုံးရာတွင်မီးအန္တ ရာယ် ကို အထူးသတိပြုရန်။
၅။ မှန်တံခါး၊ မှန်ပြတင်းပေါက်များနန့် အဝီးမှာ နီရန်။
(ဂ) မုန်တိုင်းတိုက်ပြီးချိန်တွင်လိုက်နာရမည့် အချက်များ။
၁။ သက်ဆိုင်ရာမြို့နယ်ကျေးရွာမှတာ ဝန်ဟိသူများကမုန်တိုင်းအန္တရာယ်ကင်းယှင်းကြောင်းကြေညာချက်ထုတ်ပြန်ပြီးသည့် စိတ်ချရသည့်အခြေအနီဟိမှရာ မိမိနီအိမ်သို့ပြန်ကတ်ရန်။
၂။ ပြိုကျနိုင်ခြီဟိသော(သို့)ယိုင်နီသောအဆောက်အအုံများနန့်ဓာတ်တိုင်များ၊ ပြုတ်ကျန်နီသော(သို့) တွဲကျန်နီသောဓာတ် ကြိုး များနန့်လဲကျန်နီသောအပင်များအောက်/အပါး သို့မလားရန်။
၃။ အရေးပေါ်ကယ်ဆယ်ရီးလုပ်ငန်းများလုပ်ကိုင်နီသောနီရာများကို အနှောက်အယှက်မဖြစ်စီအောင်(အုပ်စုလိုက်) လားရောက်ကြည့်ရှု ခြင်းနန့် မှတ်တမ်းလားယူခြင်းများ မပြုလုပ်ရန်။
၄။ မိမိနီအိမ်(သို့)ယာယီနီရာများကို ခိုင်ခံ့မှု ဟိ/မဟိပြန်လည်စစ်ဆီး၍ ပျက်စီးလားသည့်နီရာများအားပြန်လည်ပျင်ဆင်ရန်။
၅။ လျှပ်စစ်မီးမသုံးခင် ဝါယာကြိုးများ၊ ပလပ်ပေါက်များနန့် လျှပ်စစ်နန့်သက် ဆိုင်သော ပစ္စည်းများအား စိုစွတ်နီမှုဟိ/မဟိ၊ လျှပ်စစ်မီးသုံးရန် စိတ်ချလုံခြုံရသောအခြေအနီ ဟိ/မဟိကို သိနားလည်သူနန့်ပြန်လည် စစ်ဆီးရန်။
၆။ ခြင်ပေါက်ခြင်းမှကာကွယ်နိုင်အောင် ဗူးများ၊ အိုးများ၊ တာယာကွင်းများတွင်တင်ကျန်နီသောရီများကိုစွန့်ပစ်ရန်။
HDCO
