APM ၊ မေ ၁၁ / ၂၀၂၃
ဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းတွင် ဖြစ်ပေါ်နီသော Mocha ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အနောက်မြောက် ဖက်သို့ ဆက်လက်ရွိလျားခပြီး စစ်တွေမြို့၏တောင်-အနောက်တောင်ဖက် ရီမိုင် ၅၈၀ ခန့် အကွာသို့ ရောက်ဟိလာကြောင်း မိုးလီဝသနန့် ဇလဗေဒ ဦးစီးဌာန(မိုး/ဇလ)၏ ဒေနိ(မေ ၁၁ ရက်နိ) နိခင်း ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ “Mocha ဆိုင်ကလုန်းမုန်တိုင်းသည် ကိုကိုးကျွန်း၏ အနောက်-အနောက်တောင်ဖက် ရီမိုင် ၃၄၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်း၏ အနောက်-အနောက်တောင်ဖက် ရီမိုင် ၄၆၀ ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဖက် ရီမိုင် ၅၈၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း၏ အနောက်-အနောက်မြောက်ဖက် ရီမိုင် ၄၄၅ မိုင်ခန့်၊ ပို့ပလဲယား၏ အနောက်ဖက် ရီမိုင် ၂၈၅ မိုင်ခန့်နန့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဖက် ရီမိုင် ၆၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနီသည်” ဟုဆိုသည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အနောက်မြောက်ဖက်သို့ ဆက်လက်ရွှိလျားနိုင်ပြီး၊ နောက် ၁၈ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) ၊ မေ ၁၂ ရက်နိတွင် မြောက်-အရှိမြောက်ဖက်သို့ ကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အဖြစ် တဖြေးဖြေးပြောင်းလဲရောက်ဟိနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်း အားအလွန်ကောင်းသော Mocha ဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက်နိတွင် ကျောက်ဖြူနန့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဘဇားမြို့ ရို့အကြား စစ်တွေမြို့အနားက ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး မုန်တိုင်းဖြတ်ကျော်စဉ် အမြင့်ဆုံးလီတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၉၀ မှ မိုင် ၁၀၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
ယင်းအပုင် မုန်တိုင်းဖြတ်ကျော်စဉ်အတွင်း စစ်တွေခရိုင်နန့် မောင်တောခရိုင်ဟိ မြစ်ဝ၊ မြစ်လက်တက်များတွင် ဖြားရီ ၁၀ ပေမှ ၁၄ ပေခန့် နန့် ကျောက်ဖြူခရိုင်ဟိ မြစ်ဝ၊ မြစ်လက်တက်များတွင် ဖြားရီ ၇ ပေမှ ၁၀ ပေခန့် မြင့်တက်နိုင်ပြီး မြစ်ဝ ကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင်လေ့ လှိုင်းအမြင့်ပေ ၁၃ ပေမှ ၁၆ ပေခန့် အထိ ဟိနိုင်သည်ဟု ဆိုသည်။
မုန်တိုင်းအဟိန်ကြောင့် လီပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရီကြီးခြင်းနန့်အတူ မြီပြိုခြင်းများ၊ ရီကြီးရီလျှံမှုများ ဖြစ်ပေါ်လာနိုင်၍ ကုန်မြင့်ဒေသအနားတွင်ထိုင်သူများ၊ကမ်းရိုးတန်းတလျှောက်နီထိုင်သူများအနီနန့် ကြိုတင်သတိပြုကတ် ပါရန် မိုး/ဇလက တိုက်တွန်းထားသည်။
Photo – မိုး/ဇလ