
APM ၊ ဧပြီ ၁၁ / ၂၀၂၄
လက်ဟိကာလစွာ စစ်ရီးပြင်းထန်နီရေကာလဖြစ်လို့ လာဖို့သင်္ကြန်ကာလအတွင်း မြို့ပြနန့် ကျေးလက်ဒေသတိမာ လူစုလူဝေးတိ၊ ပျော်ပွဲရွှင်ပွဲတိ မလုပ်ကတ်ဖို့ အာရက္ခမိဖပြည်သူသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က မိတ္တာရပ်ခံပန်ကြားချက်တစောင်ကို ဒေနိ (ဧပြီ ၁၁ ရက်နိ)မာ ထုတ်ပြန်လိုက်ပါရေ။
ULA ၏ ထုတ်ပြန်ချက်ထဲမာ” ရက္ခိုင်ဒေသအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနန့် အာရက္ခတပ်တော်ရို့တိုက်ပွဲများ နိစဉ်ရက်ဆက် ဆက်လက်ဖြစ်ပွားလျက်ဟိသည့်အပြင် တရက်ထက်တရက် တိုက်ပွဲများပြင်းထန်လျက်ဟိနီဆဲပင်ဖြစ်သည်။ တပြိုင်နက်တည်းတွင် စစ်ယှုံးအကြမ်းဖက်စစ်ကောင်စီသည် မိမိရို့အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားသော ဒေသများအတွင်း၌သာမက မိမိရို့မှနောက်ထပ် သိမ်းပိုက်ရန်ကြိုးပမ်းနီသော နီရာများတွင်ပါ လူစုလူဝေးဟုယူဆရသည့်နီရာများအား အလိုက်ချောင်း၊ အငိုက်ဖမ်းပြီး လီယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက် နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းရို့ကို ပြုလုပ်ရန် နိစဥ်ရက်ဆက်ကြိုးပမ်းလျက်ဟိနီသည် လို့ဖော်ပြထားပါရေ။
ယေဇူးနန့် မကြာခင်ကျရောက်လာဖို့ သင်္ကြန်ပွဲတော်ကာလအတွင်း မြို့ပြနန့် ကျေးလက်ဒေသတိမာ လူစုလူဝေးတိလုပ်ပြီးကေ ပျော်ပွဲရွှင်ပွဲကြီးတိကို မလုပ်ကတ်ဖို့ အာရက္ခမိဖပြည်သူရို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မိတ္တာရပ်ခံပန်ကြားပါကြောင်း ဆိုပါရေ။
ယင်းအပြင် လူအများအပြား စီးလာရေ ကားတိနန့် မြို့ပြဒေသတိ၊ တမြို့နန့်တမြို့၊ တရွာနန့် တရွာအကြား ကခုန်လှည့်ပတ်ပြီး ရီကဇတ်စွာ၊ လူစုလူဝေးဖြစ်စီရေ သင်္ကြန်မဏ္ဍပ်တိ၊ Show ပွဲတိပြုလုပ်စွာ၊ ဘုန်ကြီးကျောင်းတိမာ လူစုလူဝေးနန့်ဥပုသ်သီလဆောက်တည်စွာ၊အလှူအတန်းတိ ပြုလုပ်စွာတိကိုလည်း ” လုံးဝ” မလုပ်ကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မိတ္တာရပ်ခံထားပါရေ။
စစ်ယှုံး အကြမ်းဖက်စစ်ကောင်စီစွာ စစ်ပွဲနန့်တိုက်ရိုက်မသက်ဆိုင်ရေ အပြစ်မဲ့ ပြည်သူတိကို အလိုက်အငိုက်ချောင်း ဦးတည် တိုက်ခိုက်တေ အကျင့်ဟိလို့ သင်္ကြန်ကာလအတွင်း မလိုလားအပ်သော အသက်တိ အစုလိုက်၊ အပြုံလိုက် သီဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတိမဟိရအောင် ကြိုတင်ကာကွယ်နိုင်ဖို့ မိဖပြည်သူရို့အနီနန့်လိုက်နာရဖို့အချက်တိကို တိကျစွာ လိုက်နာဆောင်ရွက်ကတ်ဖို့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မိတ္တာရပ်ခံပန်ကြားထားပါရေ။
