APM ၊ ဧပြီ ၁၁/ ၂၀၂၄
အာရက္ခစစ်မြီပြင်မာ အာရက္ခတပ်တော်ကို စစ်ရီးအရလုံးဝ မယှဉ်နိုင်ရေ အကြမ်းဖက်စစ်ကောင်စီစွာ အကြမ်းဖက်နည်းလမ်းတိအပါအဝင် လူမဆန်ယုတ်ညံ့ရေ နည်းလမ်းပေါင်းစုံနန့်ထောင့်ပေါင်းစုံကစစ်မျက်နှာဖွင့်ပြီးကေ အလုံးစုံ ပျက်သုဉ်းလားအောင် တိုက်ခိုက်နီရေလို့ အာရက္ခ တပ်တော်၏ တပ်မှူးချုပ်က ပြောဆိုလိုက်ပါရေ။
ဧပြီ ၁၀ ရက်နိမာ ကျရောက်တေ (၁၅)နှစ်မြောက် အာရက္ခတပ်တော်နိ အခမ်းအနားသို့ပီးပို့ရေ အာရက္ခတပ်တော် တပ်မှူးချုပ် မိန့်ခွန်းမာ အဂုပိုင် ထည့်သွင်း ပြောဆိုထားစွာဖြစ်ပါရေ။
တပ်မှူးချုပ်၏ ပြောကြားချက်အရ” အကြမ်းဖက်စစ်ကောင်စီစွာ အာရက္ခပြည်လူထုရို့ အကျပ်အတည်းနန့်အငတ်ဖီးဆိုက်အောင် ကုန်း၊ ရီ၊ လီ ပို့ဆောင်ဆက်သွယ်ရီးလမ်းကြောင်းတိအားလုံးကို ဖြတ်တောက်ပိတ်ဆို့ထားခြင်း၊ အာရက္ခပြည်သူရို့၏ အခြီခံလူထုအဆောက်အအုံတိဖြစ်တေ ကျောင်း၊ ဆီးရုံ၊ သာသနိကအဆောက်အအုံ၊ လမ်း၊ တန်းထား၊ လူနီရပ်ကွက်၊ ဈီးတိကို ရည်ရွယ်ချက်ဟိဟိအမြောက်ကြီးတိ ဒုံးကျည်တိနန့် ဗြောင်ကျကျ အကြမ်းဖက် တိုက်ခိုက်ခြင်း၊အပြစ်မဲ့အရပ်သားပြည်တိကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းတိကို လုပ်ဆောင်လျက်ဟိပြီး၊ ဈီးတိ၊ ဈီးဆိုင်တိကို မီးတိုက်ဖျက်ဆီးခြင်း၊ အာရက္ခပြည်သူပိုင် နီအိမ်တိကို ဖောင်ထွင်းခိုးယူလုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုတိနန့် လူသားမျိုးနွယ်စုအပေါ် ပြစ်မှုကျုးလွန်ခြင်းတိကို တမင်တကာရည်ရွယ်ချက်ဟိဟိ လူမျိုးရီးအမုန်းတရားတိနန့်ပြောင်ပြောင်တင်းတင်းကျုးလွန်နီရေ”လို့ ဆိုပါရေ။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီစွာ ပြည်သူလူထုကို သီကြီပျက်စီးလိုရေ ယုတ်ညံ့တေ ရည်ရွယ်ချက်နန့် စစ်တွေ၊ ကျောက်ဖြူရို့ပိုင် အဓိက အချက်အချာကျရေ မြို့တိက အာရက္ခပြည်သူရို့ကို အတင်းအဓမ္မပိတ်လှောင်ပြီးကေ အာရက္ခတပ်တော်ကို စစ်မြှူခေါ်သွင်းပနာအများပြည်သူနီထိုင်ရေ မြို့ရွာ လူထုတိကြားမာ စစ်တလင်းဖန်တီးဖို့ ပရိယာယ်အမျိုးမျိုးနန့် လုပ်ဆောင်နီရေလို့လည်း တပ်မှူးချုပ်က ပြောပါရေ။
အလားတူ စစ်ကောင်စီစွာ တိုက်ပွဲတိယှုံးနိမ့်ပြီး၊ ၎င်းရို့ထိန်းချုပ်မှုအောက်မာ မဟိရေ မြို့၊ရွာတိကို လီကြောင်းတိုက်ခိုက်မှုတိ၊ ဗုံးကြဲဖျက်စီးသတ်ဖြတ်မှုတိကို ဆက်တိုက်ကျုးလွန်းလျက်ဟိရေပိုင် အာရက္ခဒေသအတွင်း လူမျိုးရီး၊ ဘာသာရီး၊ ပဋိပက္ခတိဖြစ်ပေါ်လာဖို့အတွက် ARSA၊ ARAတိနန့်ဒေသခံအစွန်းရောက်စစ်သွီးကြွတိကို စစ်သင်တန်းပီး၊လက်နက်တပ်ဆင်ပြီးကေ ပြဿနာတိကို ပိုလို့ယှုပ်ထွီးလားအောင် ရည်ရွယ်ချက်ဟိဟိ ဖန်တီးလို့ဟိနီကြောင်းလည်း ထုတ်ဖော် ပြောဆိုပါရေ။
ဆက်လက်ပြီးကေ အကြမ်းဖက်စစ်ကောင်စီစွာ အာရက္ခဒေသကို “လူမကျန်ကေနီ မြီကျန်ကေကျီ”ဆိုပနာ အလုံးစုံ ပျက်သုဉ်းရီးမူဝါဒကို ချမှတ် လုပ်ဆောင်နီပြီး၊ အာရက္ခပြည်တွင်းမာရာမက ရန်ကုန်၊မန္တလေး တခြားဒေသရို့မာပါ ၁၁/မှတ်ပုံတင်ကိုင်ဆောင်ထားရေ ရက္ခိုင်လူမျိူးတိကို လူမျိုးရီးခွဲခြားပနာကန့်သတ်ချုပ်ချယ်ခြင်း၊ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အာဏာပြငွေညှစ်ခြင်းနန့်သတ်ဖြတ်ဖျောက်ဖျက်ခြင်းတိကိုပါ လုပ်ဆောင်လာရေလို့ ဆိုပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ ဒေဂုပိုင်မဖွယ်မရာ မတရားမှုတိကို အာရက္ခတပ်တော်အနီနန့်လည်း လုံးဝသည်းခံလီဖို့မဟုတ်၊ ပြန်လို့ လက်တုံ့ပြန်ဆောင်ရွက်လားဖို့၊ စစ်ရီးအရ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်လားဖို့ဖြစ်တေပိုင် စစ်ရာဇဝတ်ကောင်တိကိုလည်း နည်းလမ်းမျိုးမျိုးနန့် ဖမ်းဆီးအရေးယူပနာ နစ်နာဆုံးယှုံးခံခရရေ ပြည်သူတိအတွက် တရားမျှတမှုရဟိအောင် ပြတ်ပြတ်သားသား လုပ်ဆောင်လားဖို့လို့လည်း အာရက္ခတပ်တော် တပ်မှူးချုပ်က ထည့်သွင်း ပြောဆိုလားခပါရေ။